လ - နိုဝင်ဘာ 2016

သင်မည်မျှတန်သနည်း

ပုံပြင်လေးတစ်ပုဒ်ရှိသည်။  ဘီစီ ၇၅ ၀န်းကျင်ခန့်က ဂျူးလီယက်ဆီဇာ ဆိုသည့် ရောမ သူကြွယ်လူငယ်တစ်ဦးကို ပင်လယ်ဓားပြများက ပြန်ပေးဆွဲပြီး ငွေညှစ်သည်။ ၎င်းတို့က ယခုခေတ်အရ ဒေါ်လာ ၆ သိန်းနှင့် ညီမျှသည့် ငွေအခွက် ၂၀ နှင့် ရွေးခိုင်းရာ ဆီဇာမှာ သဘောကျရယ်မောလျက် ‘‘ကျုပ်ဘယ်သူဆိုတာ မင်းတို့ တကယ်မသိဘဲကိုး။ ဒီမှာ မင်းတို့ ငွေအခွက် ၅၀ တောင်းစမ်းပါကွ’’ ဟု တိုက်တွန်းလိုက်သည်။ ဆီဇာသည် သူ့ကိုယ်သူ ငွေအခွက် ၂၀ ထက်မက တန်သည်ဟု ယုံကြည်မှတ်ယူခြင်းကြောင့်တည်း။
ဆီဇာ သူ့ကိုယ်သူ တန်ဖိုးဖြတ်သည့် ပမာဏနှင့် ကျွန်ုပ်တို့ တစ်ယောက်စီတိုင်းအပေါ် ဘုရားသခင် တန်ဖိုး သတ်မှတ်သည့်ပမာဏက ဆီနှင့်ရေပမာ ကွာခြားလှပါသည်။
ကျွန်ုပ်တို့၏တန်ဖိုးကို ယာယီမျှသာခံသော တန်ဖိုးဖြင့် ကိုယ်တော် မတိုင်းတာဘဲ ကျွန်ုပ်တို့ ကိုယ်စား ကောင်းကင်ဘုံ အရှင်…

ငါ သူဌေးဖြစ်ပြီ

တံခါးလာခေါက်သဖြင့် သွားဖွင့်ပေးလိုက်ရာ ငွေပမာဏ အမြောက်အမြားပါရှိသည့် ချက် လက်မှတ်တစ်စောင်လာပေးခြင်းဖြစ်နေသည်။ တံခါးဖွင့်ပေးသူက အံ့အားသင့်သွား ပြီးနောက် မြူးတူးစွာအော်ဟစ်ရင်း၊ ကွေးအောင်ကရင်း၊ ခုန်ပေါက်ရင်း၊ တွေ့သမျှ လူကို ပွေ့ဖက်ရင်း ‘‘ငါထီပေါက်ပြီ၊ ငါသူဌေးဖြစ်ပြီ၊ မယုံနိုင်စရာပါလားနော်၊ ငါ့ပြဿနာ တွေ ပြေလည်ပြီ’’ ဟု အော်ပြောနေသည်။ ၎င်းသည် ရုပ်သံ ကြော်ငြာတစ်ခုဖြစ်သည်။ ကြွယ်ဝချမ်းသာခြင်းစည်းစိမ်က ခံစားချက်အမျိုးမျိုးကို ဖြစ်ပေါ်စေပါသည်။
ဆာလံကျမ်းမှ အရှည်ဆုံးဖြစ်သော ဆာလံ ၁၁၉ ၏
အပိုဒ်ငယ် ၁၄ တွင် မှတ်သားဖွယ် အချက်တစ်ချက်ကို တွေ့ရသည်။ ‘‘ခပ်သိမ်းသောစည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံတော်မူရာလမ်း၌ ၀မ်းမြောက်ပါ၏’’ (း၁၄)။ အထက်ပါကြော်ငြာနှင့် ကွာခြားလိုက်ပါဘိ။ ဘ၀ရှင်သန်မှု အတွက် ဘုရားသခင်၏သွန်သင်လမ်းညွှန်မှုအတိုင်း နာခံ လိုက်လျှောက်ခြင်းသည် စည်းစိမ်ဥစ္စာများ ရရှိသကဲ့သို့ပင် အလွန်ဝမ်းမြောက်စရာ ဖြစ်သည်။ ဆာလံဆရာက ထာဝရဘုရား၏ပညတ်တော်အတွက် ကျေးဇူးတင်လျက် ၀မ်းမြောက်ကြောင်းကို…

လှပနှစ်သက်ဖွယ်ဖြစ်သော

ဆယ်ကျော်သက် မိန်းကလေးနှစ်ဦး၏ ဓာတ်ပုံတွင် ပထမ မိန်းကလေးက ကျန်းမာကြံ့ခိုင် ရွှင်လန်းစွာ ရှိနေပြီး၊ အခြားမိန်းကလေးမှာ မိမိဘာသာ ဘာမျှမလုပ်နိုင်မကိုင်နိုင်ဘဲ လွတ်လပ်ခြင်းအရသာကို မည်သည့်အခါမှမသိနိုင်သော ရောဂါသည်လေးဖြစ်သည်။ သူမ၏ ဘီးတပ်ကုလားထိုင်ပေါ်မှာနေရင်း သာမန်စိတ်ခံစားချက်အမျိုးမျိုး နာကျင်မှု အမျိုးမျိုး၊ ရုန်းကန်ရမှုအမျိုးမျိုးနှင့် ရင်ဆိုင်ခံစားနေရသည်။
သို့သော် သူတို့နှစ်ဦး အတူတွဲရှိနေသည့် အဖော် အဖက်ဖြစ်ခြင်း၏အရသာကို ခံစားရင်း နှစ်ဦးသားရွှင်လန်း ပြုံးရွှင်နေသည်။ တစ်ဦးက အခြားတစ်ဦးအတွင်းရှိသည့် အကျွမ်းဝင်မှု၊ မိတ်ဆွေအဖော်ဖြစ်ပေးခြင်း၏ ရသကို တွေ့မြင်
ခံစားနေသည့် လှပသော မိန်းကလေးနှစ်ဦး ဖြစ်ပါသည်။
နာတာရှည်ရောဂါ ခံစားရသူများ၊ ခန္ဓာမသန်စွမ်းသူများ၊ အကြောင်းအမျိုးမျိုးဖြင့် နှိမ့်ချအပယ်ခံရသူများစသည့်ဖြင့် ဘီးတပ်ကုလားထိုင်ပေါ်မှမိန်းကလေးကဲ့သို့ ဖြစ်နေ ခံစားနေရသည့် လူများအတွက် သခင်ယေရှုအချိန်ပေးသည်။ ၎င်းတို့ကို ဂရုပြုခဲ့သည်။ ထို့ပြင် ဘာသာရေးခေါင်းဆောင်များ နှာခေါင်းရှုံ့ပြစ်တင်စရာ ထိုသို့နှိမ့်ကျခံစားရသူ တစ်ဦးအား သူ့ကို ဆီဖြင့်လိမ်းကျံလောင်းချရန် အခွင့်ပေးခဲ့သည်။ ဝေဖန်ကဲ့ရဲ့သူတို့အား…

ငါးစာနီနီ

လွန်ခဲ့သောနှစ်အတန်ကြာက ဂရိစာရေးဆရာ  ‘အေလီယန်´ ပြုစုခဲ့သည့် ဒုတိယ ရာစုနှစ် ခေတ်ကာလက လက်ဆင့်ကမ်းခဲ့သော ငါးဖမ်းနည်းအကြောင်း စာအုပ်ကို ကျွန်တော် အမှတ်မထင်တွေ့ရှိ ဖတ်ရှုခဲ့ရသည်။ ‘‘ဘိုရိုကာနှင့် သက်သာလောနိတ်မြို့ကြားတွင် အက်စထြာကပ် အမည်ရှိ မြစ်တစ်စင်း စီးဆင်းပြီး မြစ်ထဲ၌ အစက်အပြောက်နှင့် ထရော့ငါး
များရှိသည်’’။ ငါးဖမ်းနည်းမှာ ‘‘၀ါဂွမ်းလုံး အနီရောင်ရဲရဲကို
ငါးမျှားချိတ်၌ ငှက်မွေး ၂ ပင်ဖြင့် တွဲချည်ကာ ရေထဲချလိုက် သည်။ ငါးများမှာ အနီရောင် ၀ါဂွမ်းလုံး၏ ဆွဲဆောင်မှုကြောင့် ပါးစပ်အပြည့်ဝါးရတော့မည်အတွေးနှင့် အနီးအနား တိုးလာ ကြသည်’’ (On the Nature of Animals)။
ငါးဖမ်းသမားများသည် ဤနည်းကို ယခုထိတိုင် အသုံးပြုကြဆဲဖြစ်သည်။ ၎င်းကို Red Hackle ဟု ခေါ်ကြ သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၂၀၀ ခန့်က ဤနည်းလမ်းကို…

မပို့ဖြစ်သောစာ

အီးမေးလ် စာတစ်စောင်ပို့လိုက်ပြီးကာမှ လူမှားပို့မိခြင်း၊ ပြင်းထန်သော မကောင်း မနှစ်မြို့ဖွယ် စကားလုံးများပါသွားခြင်းကို ချက်ခြင်းသတိပြုလိုက်ခြင်း စသည့်အဖြစ်မျိုး သင်ကြုံဖူးပါသလား။ ခလုတ်တချက်နှိပ်ပြီး စာဆက်မပို့အောင် လုပ်နိုင်လျှင်ကောင်းမည်။ ယခုတွင် ထိုသို့ပြုလုပ်နိုင်ပြီဖြစ်သည်။ ကုမ္ပဏီအတော်များများတွင် စာပို့လိုက်သော်လည်း ကွန်ပြူတာမှ အီးမေးလ်စာထွက်မသွားမီ ပြန်ဖျက်ပစ်လိုပါက ဖျက်ပစ်နိုင်အောင် အချိန်အနည်းငယ်စောင့်ပေးသည့် စနစ်ကို ကျင့်သုံးသည်။ ထိုအခါ အီးမေးလ်စာသည် မပြောခဲ့သည့် စကားတစ်ခွန်းပမာဖြစ်သွားသည်။  ''အဆင်ပြေ သွားတာပေါ့'' ဟု မှတ်ယူခြင်းထက် မိမိပြောသောစကားကို သတိထားစောင့်ထိန်းရန် အလွန့်အလွန်အရေးကြီးကြောင်း မပို့ဖြစ်သောစာက သတိပေးချက်ဖြစ်သင့်သည်။
ရှင်ပေတရုဩ၀ါဒစာ ပထမစောင်တွင် ‘‘သင်တို့သည် ... အချင်းချင်းရန်တုံ့မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။ အသက်ကို မွေ့လျော်စေ၍ ကောင်းမွန်သောနေ့ရက်တို့ကို တွေ့မြင်ခြင်းငှာ အလိုရှိသောသူသည် မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်း လည်း မုသားစကားကို မပြောစေနှင့်။ ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုစေ။…

သင့်တင့်မျှတသော

ဖွံ့ဖြိုးပြီးနိုင်ငံများစွာ၌ တစ်စတစ်စနှင့်များပြားလာသော ဈေးဝယ်ထွက်ခြင်းကို ခုံမင်သူ များအား ‘‘ဘယ်လောက်ဆိုရင်လောက်မှာလဲ’’ ဟူသည့် ရိုးစင်းသော ဤမေးခွန်းလေးကို မေးပါ မည်။ အမေရိကန်ပြည်ထောင်စု၌ ကျေးဇူးတော်ချီးမွမ်းခြင်း ရက်သတ္တပတ် ပြီးဆုံးပြီး နောက်တစ်ရက် Black Friday တွင် စတိုးဆိုင်များစွာသည် ခပ်စောစောဆိုင်ဖွင့်ပြီး ပစ္စည်းများကို လျှော့ဈေးဖြင့် ရောင်းချကြသည်။ ၎င်းထုံးစံက အခြားနိုင်ငံများ၌ပါ ပျံ့နှံ့ကုန်သည်။ ဈေးဝယ်သူအချို့က သူ့အတိုင်းအတာနှင့်သူ ၀ယ်နိုင်သည့် သင့်တင့်သော
ဈေးနှုန်းဖြင့်သာ ပစ္စည်းများ ၀ယ်ယူကြသည်။ ၀မ်းနည်းစရာမှာ
အချို့သူများမှာ လောဘစိတ်၏တွန်းအားပေးမှုဖြင့် မရမက ဈေးဆစ်ကာဝယ်ယူကြသဖြင့် အကြမ်းဖက်သည့်အသွင် ဆောင်နေတော့သည်။
ဝယ်သူအကြိုက် လိုက်ပေးပြီး စိတ်ကို မွှန်ထူစေခြင်း အန္တရာယ်ကို ဈေးဝယ်ရာ၌ ဖြစ်စေ၊ စိတ်နှလုံး၌ ဖြစ်စေ ကျွန်ုပ်တို့ ရင်ဆိုင်ရမည်။ ထိုအန္တရာယ်အတွက် တန်ပြန် ကုစားရန် ဓမ္မဟောင်းကျမ်းမှ ပညာနှင့်ဆိုင်သောကျမ်းကို ရေးသားသူ ‘ဓမ္မဒေသနာဆရာ’ (ဒေ…

ကျေးဇူးတင်ခြင်း ကစားနည်း

ကော်နာစတုံးတက္ကသိုလ်၌ ဆောင်းဦးရာသီရောက်တိုင်း ကျေးဇူးတော်ချီးမွမ်းခြင်း ချိုမြိန်စားပွဲကို ကျင်းပပြုလုပ်သည်။ ကျောင်းသားကျောင်းသူများက ထိုပွဲကို အလွန် နှစ်သက်သဘောကျသည်။ ယမန်နှစ်က ကျောင်းသားတစ်စုသည် ထိုစားပွဲ၌ ဂိမ်းတစ်ခု ကစားခဲ့ကြသည်။ အချိန် ၂ စက္ကန့် ၊ ၃ စက္ကန့်အတွင်း ကျေးဇူးတင်စရာအချက်များကို ဖော်ပြရသည့် ကစားနည်းဖြစ်သည်။ သူများပြောပြီးသား အချက်ကို ထပ်ပြော၍မရပါ။ တုံ့ဆိုင်းသွားသူသည် ကစားဝိုင်းမှ ထွက်ရသည်။
ကျောင်းသားများ ကျေးဇူးတင်ချီးမွမ်းသည့်အချက် များက အစမ်းစာမေးပွဲ၊ အဖြေလွှာတင်ရမည့်နောက်ဆုံးရက်၊ စည်းကမ်းသတ်မှတ်ချက် စသည်ဖြင့် အမျိုးစုံလင်လှပြီး ကောလိပ်ကျောင်းသားဘ၀၏အခက်အခဲ ညည်းစရာများ ပါဝင်သည်။ သို့သော် ဤကျောင်းသားများသည် ကျေးဇူးတော်
ချီးမွမ်းရန် ရွေးချယ်ခဲ့သည်။ ကျွန်တော် ထင်ပါသည်။ ကစားပွဲအပြီးတွင် ညည်းတွားခြင်းထက် ကျေးဇူးတင်ရန် ရွေးချယ်ခြင်းဖြင့် ၎င်းတို့အနေဖြင့် ခံစားချက်များ ပိုမို ကောင်းမွန်နေသာလိမ့်မည်။
ညည်းတွားပြစ်တင်စရာများ များစွာရှိနေသည့်တိုင် သေချာစွာဆင်ခြင်ပါလျှင် ကျေးဇူးတင်စရာ ကောင်းချီးမင်္ဂလာများစွာ…

ကျော်ဇောမှုနှင့်နှိမ့်ချမှု

မိမိဘာသာ ထင်ရှားနာမည်ကြီးခြင်း (သို့) နာမည်ကြီးသူများအကြောင်း အသေးအမွှားက အစ လိုက်လံစပ်စု စိတ်ဝင်စားခြင်း၊ နိုင်ငံတကာ ထင်ရှားကျော်ကြားသည့် စာအုပ်၊ ရုပ်ရှင်၊ ညဥ့်နက်သန်းခေါင်ချိန်၌ တင်ဆက်သည့် ဖျော်ဖြေပွဲများ၊ ဖေ့စ်ဘွတ်၊ တွစ်တာ စသည့် လူမှုကွန်ယက်၏ ပရိတ်သတ်များစွာ ရှိခြင်း စသည်ဖြင့် ကျော်ဇောမှုသဘောက လူများစွာကို လွှမ်းမိုးထားသည်။
မကြာမီက အမေရိကန်ပြည်ထောင်စု၌ သုတေသနပြု လေ့လာချက်တစ်ခုအရ အင်တာနက်မှတစ်ဆင့် နာမည်ကြီး ထင်ရှားသူများ၏ အမည်စာရင်းကို သေချာစွာစိစစ်ပြီး အစဉ်လိုက်စီချရာ၊ ကမ္ဘာ့သမိုင်းတစ်လျှောက် အထင်ရှားဆုံး ပုဂ္ဂိုလ်များစာရင်းတွင် သခင်ယေရှုက ထိပ်ဆုံး၌ ရှိနေသည်။
သို့ငြားလည်း ကျော်ဇောထင်ရှားရန်အရေးကို သခင်ယေရှု စိုးစင်းမျှ မတွေးခဲ့ပါ။ လောက၌ ကျင်လည် သက်ရှင်စဉ် ကျော်ဇောမှုကို သခင်မရှာခဲ့ပါ (မ ၉း၃၀၊ ယော ၆း၁၅)။ သို့သော် သခင့်အကြောင်းက ဂါလိလဲနယ် တစ်ခွင်လုံးတွင် လျင်မြန်စွာပျံ့နှံ့လျက်…

အိမ်ကို တမ်းတလျက်

အခန်းထဲဝင်လာသည့် ဇနီးသည်က ရှေးဟောင်းနာရီကြီး၏ ကိုယ်ထည်အကန့်အတွင်း ခေါင်းနှစ်ထားသည့် ကျွန်တော့်ကို တွေ့ပြီး ‘‘ဘာလုပ်နေတာလဲ’’ဟု မေးသည်။ ‘‘ဒီနာရီရဲ့ အနံ့က မိဘအိမ်ရဲ့ အငွေ့အသက် အနံ့နဲ့တူတယ်’’ ဟု ကျွန်တော် ရှက်ကိုးရှက်ကန်း ပြန်ဖြေရင်း ‘‘မိဘအိမ်ကို ခဏလေးပြန်သွားတာလို့ ပြောရမှာပေါ့’’ ဟုပြောကာ တံခါး ပြန်ပိတ်လိုက်သည်။
အမွှေးရနံ့များက အမှတ်တရများစွာကို နိုးဆွပေး သည်။ လွန်ခဲ့သော အနှစ် ၂၀ ခန့်က ထိုနာရီကြီးကို ရွာရှိ ကျွန်တော့်မိဘများအိမ်မှ ပြောင်းရွေ့သယ်ယူခဲ့သည်။ သို့သော် ထိုသစ်သားရနံ့က ကျွန်တော့်၏ကလေးဘ၀ကို  ပြန်ပြောင်းသတိရရန် ကျွန်တော့်ကို ခေါ်ဆောင်သွားမြဲပင်။
ဟေဗြဲသြ၀ါဒစာ ရေးသူက တစ်မူထူးခြားစွာ အိမ်ကို
လွမ်းဆွတ်တမ်းတသူများအကြောင်းကို ဖော်ပြသည်။ ၎င်းတို့ သည် နောက်ကြောင်းပြန်လှည့်ခြင်းထက် ယုံကြည်ခြင်းဖြင့် ကောင်းကင်အိမ်ကို မျှော်ကြည့်ကြသည်။ ၎င်းတို့မျှော်လင့်သောအရာက မျှော်တိုင်းဝေး နေသေးသည့်တိုင် ဘုရားသခင်သည် သူနှင့်အတူရှိရန် ၎င်းတို့ကို…

နေ့စဉ်ခွန်အားလုပ်ငန်းအကြောင်း

အာရ်ဘီစီသာသနာလုပ်ငန်း၏သမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံအသီးသီးရှိ လူအပေါင်း တို့သည် ခရစ်တော်ကို ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီး ခရစ်တော်၌ ကြီးပွား ရင့်ကျက်သူများဖြစ်လာစေရေး ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်ကြားပေးလျက်ရှိပါ သည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်ပေါက်ရောက်စေရေး နည်းလမ်းပေါင်းစုံဖြင့် ရနိုင်သမျှမီဒီယာ ပေါင်းစုံကို အသုံးပြုလျက် လုပ်ဆောင်လျက်ရှိကြောင်း ဤ၀က်ဘ်ဆိုက်၏စာမျက်နှာများ၌ မြင်ရပါမည်။ ကျွန်ုပ်တို့လုပ်ဆောင်သောနည်းလမ်းစုံလင်သကဲ့သို့ ကျွန်ုပ်တို့၏ပရိသတ်များ မှာလည်း လူအမျိုးမျိုးပါဝင်သည်။ သင်းအုပ်ဆရာ၊ အကြံပေးပညာရှင်များ၊ သာမန်အရပ်သား စသည်ဖြင့် လူအသီးသီးမှတဆင့်၊ အကျဉ်းထောင်၊ ကျောင်း၊ စီးပွားရေးလုပ်ငန်းစသည့် အဖွဲ့ အစည်းများမှတဆင့် မိသားစု၊ မိတ်ဆွေနှင့်အသင်းတော်များကို ဆက်သွယ်ထိတွေ့လုပ် ဆောင်နေပါသည်။
ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့ ဆက်သွယ်ထိတွေ့လိုက်သောသူများသည် သခင်ယေရှု၏ အမိန့်တော်နှင့်အညီ ဧ၀ံဂေလိသတင်းကောင်းဖြန့်ဝေရန် စွမ်းရည်အလင်းရှိသူများဟု မှတ်ယူပါ သည်။ ကျွန်ုပ်၏အဖိုး ဒေါက်တာ အမ်. အာရ်. ဒီဟန်းမှ အာရ်ဘီစီ သာသနာလုပ်ငန်းကြီးကို စတင်ခဲ့သည့်အချိန်မှစ၍ ဘုရားသခင်သည် တိုင်းတာမရနိုင်လောက်အောင် ကောင်းကြီးပေးခဲ့ ပါသည်။ အဖိုးချမှတ်ခဲ့သည့်…