ကျွန်မတို့အိမ်အနီးရှိပန်းခြံထဲတွင် ကျွန်မနှင့်ကလေးများ လမ်းလျှောက်နေရင်း   လွှတ်ထား
သည့် ခွေးနှစ်ကောင်နှင့် ပက်ပင်းတိုးခဲ့သည်။ ခွေးတစ်ကောင်က ကျွန်မ သားကို ခြောက်လှန့်နေသည်ကို ပိုင်ရှင်က သိပုံမပေါ်ပါ။  သားလေးက ခွေးကို မောင်းထုတ် သော်လည်း ထိုခွေးက တိုး၍နှောင့်ယှက်နေသည်။
တဖြည်းဖြည်းနှင့်  သားလေး ကြောက်လာသည်။ သားက အတော်ဝေးဝေး ပြေးသွားသော်လည်း ခွေးက ဆက်လိုက်နေပြန်သည်။ ‘‘အမေ့ဆီပြေးလာခဲ့’’ ဟု ကျွန်မ မအော်မချင်း ခွေးက ပြေးလိုက်နေသည်။ သားလေးပြန်လှည့်လာပြီး စိတ်ငြိမ်လာတော့မှ ခွေးက အခြားနေရာသို့ သွားရောက်နှောင့်ယှက်ပြန်တော့သည်။
အသက်တာတွင် ဘုရားသခင်က ကျွန်မတို့အား ‘‘ငါ့ဆီပြေးလာခဲ့’’ ဟု ပြောနေချိန်များရှိသည်။ ကျွန်မတို့၏ ခြေကို တစ်စုံတစ်ရာက နှောင့်ယှက်နေသည်။ ပို၍ မြန်မြန် ဝေးဝေးပြေးလေလေ ထိုအခက်အခဲများက ပို၍ နီးကပ်စွာ လိုက်လာလေလေဖြစ်သည်။ ကျွန်မတို့ ရုန်းမထွက်နိုင်ပါ။ မိမိဖာသာ ပြန်လှည့်ပြီး အခက်အခဲများကို  ရင်ဆိုင်ဖြေရှင်းရန် ကျွန်မတို့အလွန်ကြောက်သည်။ လက်တွေ့တွင် ကျွန်မတို့သည် မိမိဖာသာရပ်တည်ရင်ဆိုင်နေခြင်း မဟုတ်ပါ။ ဘုရားရှင်က ကူညီရန်အသင့်ရှိနေပြီး နှစ်သိမ့်မစမှုများ ပေးနေပါသည်။ ကျွန်မတို့ လုပ်ဆောင်ရမည်မှာ ကျွန်မတို့ကို ခြောက်လှန့်နေသောအရာ မှန်သမျှကို ကျောခိုင်းပြီး သူ့ထံသို့ လှည့်ပြန်ရန်ဖြစ်သည်။ နှုတ်ကပတ်တော်၌ ‘‘ထာဝရဘုရား၏ နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏’’ (သုတ္တံ ၁၈း၁၀) ဟုဖော်ပြထားပါသည်။ JENNIFER BENSON SCHULDT