ဝိညာဉ်ရေးရာခေါင်းဆောင်မှုစာအုပ်တွင် ဆရာကြီး J.Oswald Sanders သည်
လိမ္မာပါးနပ်မှု၊ ပေါင်းသင်းဆက်ဆံမှု အရည်အသွေးနှင့် ၎င်း၏အရေးပါမှုများကို လေ့လာ တင်ပြထားသည်။ ဆရာကြီးက ‘‘ယင်းစကားလုံး ၂ လုံးကို ပေါင်းစပ်လိုက်သောအခါ တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့စရာမရှိ၊ အပေးအယူညှိစရာမလိုဘဲ မတူညီသည့် အမြင် များကို  ပြေလည်စေသည့် အရည်အသွေးများ၊ အကြံဉာဏ် များထွက်ပေါ်လာကြောင်း’’ ပြောခဲ့သည်။
ရောမမြို့တွင် ရှင်ပေါလု အကျဉ်းကျခဲ့စဉ်က သူသည် ဖိလေမုန်ပိုင်သော ကျွန်ပြေးသြနေသိမ်နှင့် ၀ိညာဉ်ရေးရာ လမ်းပြသူ၊ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်ခဲ့သည်။ ကောလောသဲ မြို့ရှိ အသင်းတော်ခေါင်းဆောင် ဖိလေမုန်ထံသို့ရေးသော ရှင်ပေါလု၏စာတွင် သြနေသိမ်ကို ခရစ်တော်၌ ညီအစ်ကိုတစ်ယောက်အဖြစ် လက်ခံရန် တောင်းပန်ကာ လိမ္မာပါးနပ်စွာနှင့် လူမှုဆက်ဆံရေးအကြောင်းကို သာဓက ပြထားသည်။ ‘‘ဤအကြောင်းကြောင့် ငါသည် ခရစ်တော်၌ညီအစ်ကိုချင်းအနေဖြင့် သင် ပြုသင့်သည့်အမှုအရာကိုပြုရန်  အမိန့်ပေးနိုင်ခွင့်ရှိသည်ဟု ယုံကြည်သော်လည်း ငါသည် သင့်ကို ချစ်သောကြောင့်  သင့်အားမေတ္တာရပ်ခံပါ၏။ … (သြနေသိမ်သည်) ငါ၏အတွက် အလွန်တန်ဖိုးရှိပေသည်။ သို့ရာတွင် သင်၏အတွက်  ကျွန်အနေနှင့်လည်းကောင်း၊    သခင်ဘုရား၌ ညီအစ်ကိုအနေနှင့်လည်းကောင်း များစွာပို၍ပင်တန်ဖိုးရှိမည်’’ (ဖိလေမုန် ၈-၉၊ ၁၆)(ခေတ်သုံး)။
ကနဦးအသင်းတော်များ လေးစားရသည့် ရှင်ပေါလုသည် တစ်ခါတစ်ရံ ယေရှုနောက်တော်လိုက်များအား ရှင်းလင်းတိကျသောအမိန့်များ ပေးတတ်သည်။ ယခု အကြောင်းအရာတွင် သူသည် ဖိလေမုန်အပေါ် တရားမျှတမှု၊ ခင်မင်မှုနှင့် မေတ္တာရှိမှုတို့အပေါ်တွင် အခြေခံ၍ တောင်းပန်ကာ တောင်းဆိုထားသည်။ ‘‘သင်၏ သဘောတူညီချက်မရရှိဘဲ အဘယ်အမှုကိုမျှ ငါမပြုလိုပါ။ ငါ့ကို ကူညီမစစေရန် သင့်အား အနိုင်အထက်မပြုလိုပါ။ သင်၏စေတနာအလျှောက်သာလျှင် မစစေလိုပါ၏’’ (း၁၄)(ခေတ်သုံး)။
ကျွန်ုပ်တို့၏ပေါင်းသင်းဆက်ဆံမှုတိုင်းတွင် ချစ်မေတ္တာစိတ်အားဖြင့် မျှတ ညီညွတ်မှုနှင့် နီတိသဘောတရားများကို ထိန်းသိမ်းနိုင်ကြပါစေ။
DAVID MCCASLAND