အိုင်ဒါဟိုပြည်နယ် ရှိ ကျွန်ုပ်တို့၏နေအိမ်မြောက်ဘက်ရှိ ဂျပ်ဟဲန်ဒယ်တောင်စွယ် တောင်ထွတ်ပေါ်တွင် ရေခဲဖုံးအုပ်နေသော ရေကန်တစ်ခုရှိသည်။ ထိုရေကန်သို့ သွားသော လမ်းသည် မတ်စောက်၍ တောင်ခါးပန်းပေါ်မှ ကျောက်တုံး၊ ကျောက်ခဲများကို ဖြတ်သွားရပြီး အလွန်ကြမ်းတမ်းသော လမ်းခရီးဖြစ်သည်။
တောင်စတက်တက်ချင်းတွင် နူးညံ့ပျော့ပြောင်း သော မြေသားမှစီးထွက်ပြီး စိမ်းလန်းသော စားကျက်မြေကို ဖြတ်သန်းစီးဆင်းသည့် စမ်းချောင်းလေးတစ်ခုရှိသည်။ ထိုစမ်းချောင်းမှရေကို မြိန်ရေရှက်ရေသုံးဆောင်ပြီး ခက်ခဲသောတောင်ကို တက်ရန်အတွက် အသင့်ဖြစ်စေသည်။
John Bunyan ၏ ခရစ်ယာန်အသက်တာအကြောင်း ရေးဖွဲ့ထားသော ဓမ္မခရီးသည်- “ The Pilgrim’s Progress” စာအုပ်တွင် အခက်အခဲတောင်ကုန်း၏မတ်စောက်သောတောင်ခြေသို့ ရောက်ရှိ နေသည့် ခရစ်ယာန်သည် “ တောင်ခြေရှိစမ်းရေတွင်းတွင် ရေသောက်အပန်းဖြေပြီးနောက်
တောင်စတက်သည်။
သင်ရင်ဆိုင်နေရသည့် အခက်အခဲတောင်ကုန်းသည် ဂျစ်ကန်ကန်နှင့် အာခံသည့်ကလေး (သို့) ပြင်းထန်သည့်ရောဂါခံစားရခြင်းများ ဖြစ်ကောင်းဖြစ်မည်။ ထိုအခက်အခဲပြဿနာများက သင်ခံနိုင်သည်ထက် ပိုဆိုးကောင်းဆိုးနေလိမ့်မည်။
ကြီးမားလေးလံသည့် အမှုအရေးနှင့် မရင်ဆိုင်ရမီ စမ်းရေဖြစ်တော်မူသော ဘုရားသခင်ထံ ဦးစွာတိုးဝင်လျက် ကိုယ့်ကိုယ်ကိုယ် လန်းဆန်းစေပါ။ သင့်အားနည်းချက်၊ ပူပန်စိုးရွံ့မှု၊ အကူအညီကင်းမဲ့နေမှု၊ အကြောက်တရားများနှင့် သံသယများ အားလုံးကို ကိုယ်တော်ထံ ယူဆောင်လာပါ။ ထို့နောက် ကိုယ်တော်၏တန်ခိုး၊ ခွန်အားနှင့် ဉာဏ် ပညာကို မြိန်ရည်ရှက်ရေသုံးဆောင်ပါ။ သင့်အခြေအနေအားလုံးကို ဘုရားရှင်သိပြီး သူ၏နှစ်သိမ့်မှု၊ ၀ိညာဉ်ရေးရာခွန်အားပေးမှု၊ မစအားပေးမှုများနှင့် သင့်ကို ထောက်ပံ့ ပို့ဆောင်ပေးလိမ့်မည်။ သင့်ဦးခေါင်းကို ဖေးမကူမော့၍ ရှေ့ဆက်ရန်အတွက် ခွန်အားပေးလိမ့်မည်။ DAVE ROPER
ဖတ်ရန်: ဆာ ၁၁၀ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယေရမိ ၄၀-၄၂၊ □ ဟေဗြဲ ၎
လမ်းနားမှာစီးသောရေကို သောက်၍ ခေါင်းတော်ကို ချီးမြှင့်တော်မူမည်။ (း၇)
အဘဘုရား၊ ယခု အားနည်းမှုများကြား ခွန်အားရရှိရန်၊ နွမ်းနယ်စဉ် အင်အားရှိရန် သံသယ၀င်စဉ် ယုံကြည်ခြင်းစိတ်ရှိရန် ကိုယ်တော်ရှင်ထံဦးလှည့်လာပါ၏။
အရာခပ်သိမ်းကို အစိုးရသောသူသည် ယုံကြည်သူခရစ်ယာန်ကို လမ်းခရီး၌ ဆက်လျှောက်လှမ်း နိုင်အောင် မစပေးသည်။ John Bunyan, The Pilgrim's Progress
Our Daily Bread Topics:
odb