စူပါမားကတ်ငွေရှင်းကောင်တာ၌စောင့်နေရင်း  ဘေးပတ်လည်သို့ ကျွန်တော်ကြည့်လိုက် သည်။ ခေါင်းတုံး တုံးထားပြီး နှာခေါင်းကွင်းတပ်ထားသော ဆယ်ကျော်သက်များက သွားရေစာများကို ရွေးနေသည်။ ပညာရှင်ဝန်ထမ်းတစ်ဦးကတော့ ၀က်ပေါင်ခြောက်၊ ကညွတ် နှင့် ကန်ဇွန်းဥကို ၀ယ်နေသည်။ အသက်ကြီးကြီးအမျိုးသမီးက မက်မွန်သီးများ၊ စတော်ဘယ်ရီသီးများကို ရွေးနေသည်။ ဘုရားသခင်သည် ဤလူများကို နာမည်နှင့်တကွ သိရှိပါသလား။ သူတို့သည် ဘုရားရှင်အတွက် အရေးပါသလားဟု ကျွန်တော့်ဘာသာ တွေးနေမိသည်။
အရာခပ်သိမ်းကို ပြုလုပ်ဖန်ဆင်းသူသည် လူသား အားလုံးကို ဖန်ဆင်းသူလည်းဖြစ်သည်။ ကျွန်တော်တို့ တစ်ယောက်စီတိုင်းသည် ကိုယ်တော်၏ဂရုပြုအာရုံစိုက်မှု၊ ချစ်မေတ္တာကို ခံထိုက်သည်ဟု မှတ်ယူနိုင်ပါသည်။ ဣသရေလပြည်ရှိ တောင်ကုန်းပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ ထိုမေတ္တာကို ပြခဲ့သည်။ အဆုံးစွန် အနေဖြင့် သစ်တိုင်ထက်၌ ပြခဲ့သည်။
အစေခံကျွန်သဏ္ဌာန်နှင့် ဤလောကသို့ရှင်ယေရှုကြွလာစဉ် ဘုရားသခင်၏ လက်တော်မှာ ကြီးမားလွန်း၍ လောကရှိ အသေးနုပ်ဆုံးလူများကို ကယ်ရန်မတန် ဟူသည့် အချက်က မမှန်ကြောင်း ယေရှုပြခဲ့သည်။ ထိုလက်တော်၌ ကျွန်ုပ်တို့တစ်ဦးချင်းစီ ၏အမည်ကို ရေးထိုးထားပြီး၊ သံမှိုဒဏ်ချက်ရာများနှင့် ထွင်းထားသောလက်တော်ဖြစ် သည်။ ကျွန်ုပ်တို့ကိုချစ်ခြင်းကြောင့် ဘုရားရှင်ပေးရသည့် အဖိုးအခမှာ ကြီးလွန်းသည်။
ယောဘ၀တ္ထုနှင့် ဒေသနာကျမ်း၌ ရှင်းရှင်းဖော်ပြထားသည့် မိမိကိုယ်ကို သနားစိတ်နှင့် ကျွန်တော်လှိမ့်လူးနေချိန်၊ အထီးကျန်ဖြစ်နေချိန်၌ ခရစ်ဝင်ကျမ်း ၄ စောင်ပါ သခင်ယေရှု၏အကြောင်းနှင့် လုပ်ဆောင်ချက်များကို ပြန်ဆင်ခြင်မိသည်။ “ နေရောင်အောက်” တွင် (ဒေ ၁း၃) ကျွန်တော်၏တည်ရှိနေမှုက ဘုရားအတွက် ဘာမှ မထူးခြားပါဟု ကောက်ချက်ချမည်ဆိုပါက ၎င်းသည် ဘုရားရှင် လောကသို့ကြွဆင်းလာ ရသည့် အကြောင်းရင်းနှင့် ဆန့်ကျင်နေလိမ့်မည်။ ကျွန်ုပ်သည် အရေးပါသလား ဆိုသောမေးခွန်းအတွက် စင်စစ် သခင်ယေရှုသည် အဖြေပင်ဖြစ်၏။  PHILIP YANCEY