တက္ကဆက် ပြည်နယ် A&M တက္ကသိုလ်ဘောလုံးအားကစားကွင်းရှိ ဆိုင်းဘုတ်ကြီး၌ “ ဆယ့်နှစ်ယောက်မြောက်လူအတွက်နေရာ” ဟုရေးထားသည်။ ကစားကွင်း၌ အသင်း တစ်သင်းစီကို ကစားသမား ၁၁ ဦးသာ ခွင့်ပြုပြီး၊ ဆယ့်နှစ်ယောက်မြောက်လူ ဆိုသည်မှာ ပွဲစဉ်တစ်လျှောက် မိမိအသင်းကို အားပေးအားတက်စေသော ထောင်ပေါင်းများစွာသော A&M ကျောင်းသားပရိသတ်များကို ရည်ညွှန်းသည်။ ၁၉၂၂ ခုနှစ်က ဒဏ်ရာရအားကစားသမား၏နေရာ၌ အစားထိုး ကစားရန်အတွက် နည်းပြက ရပ်ကြည့်စင်မှ ကျောင်းသား တစ်ဦးကို ခေါ်ကာ ၀တ်စုံလဲခိုင်းပြီး ဘေးစည်း၌  အသင့် ရပ်နေစေသည်။ ထိုမှစ၍ ဤအစဉ်အလာ ဖြစ်ပေါ်လာသည်။ ထိုသူသည် ကစားပွဲ၌ တစ်ခါမျှ ၀င်ရောက်မကစားခဲ့ရ သော်လည်း ဘေးစည်း၌ လိုလိုလားလားနှင့် ရှိနေပေးခြင်းက အသင်းအတွက် ကြီးမားသောအား ဖြစ်ခဲ့သည်။
ဟေဗြဲ ၁၁ ၌ ကြီးမားသော စစ်ကြောခြင်းများ ကြုံတွေ့ခဲ့ရသော်လည်း ဘုရားသခင်၌ သစ္စာတည်မြဲသော ယုံကြည်ခြင်း သူရဲကောင်းများ
အကြောင်းကို ဖော်ပြထားသည်။ “ ထို့ကြောင့် ဤမျှလောက် များစွာသော သက်သေ အပေါင်းတို့သည် ငါတို့ကိုဝန်းရံလျက်ရှိကြသည်ဖြစ်၍ ငါတို့သည် ခပ်သိမ်းသောဝန် တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍ ငါတို့ မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးကြကုန်အံ့” (း၁) ဟု အခန်းကြီး ၁၂ ကို အစပြုထားသည်။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းလမ်းခရီး၌ ကျွန်ုပ်တို့တစ်ဦးတည်းမဟုတ်ပါ။ ဘုရား သခင်အပေါ် သစ္စာစောင့်သိသူ မြင့်မြတ်သောသန့်ရှင်းသူများနှင့် သာမန်ပုဂ္ဂိုလ်များက သူတို့၏စံနမူနာများ၊ ကောင်းကင်ဘုံ၌ သူတို့ရောက်ရှိတည်နေခြင်းများအားဖြင့် ကျွန်ုပ် တို့ကို အားပေးနေပါသည်။ ကစားကွင်းထဲ၌ ကျွန်ုပ်တို့ရှိနေစဉ်အတွင်း ထိုသူတို့သည် ကျွန်ုပ်တို့နှင့်အတူရပ်လျက် အားပေးနေကြသည့် ဆယ့်နှစ်ယောက်မြောက်လူ ဖြစ်ပေ သည်။
“ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော” ယေရှုရှင်အား အာရုံ စိုက်မျက်မှောက်ပြုစဉ် (၁၂း၂) သခင့်နောက်တော်လိုက်များ၏အားပေးမစမှုကို ကျွန်ုပ်တို့ ရရှိနေတော့သည်။ DAVID MCCASLAND