လူများက သူ့ကိုချစ်ခင်လာအောင် ကာရီ အစွမ်းကုန်ကြိုးစားသည်။ အခြားသူများ သူ့ကို သတိထားမိပြီး ပျော်ပျော်နေတတ်သည့် စိတ်ထားအတွက် သူ့ကို ချီးမွမ်းအောင် ပျော်ပျော်နေသည့်ပုံပေါ်အောင် သူပြုမူသည်။ သို့သော် ပွင့်လင်းမြင်သာသော အခိုက်အတန့်တွင် ကာရီ က “ ကျွန်မ သခင်ဘုရားကို ချစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ ကျွန်မရဲ့အသက်တာက အပေါ်ယံပဲ ဖြစ်နေတယ်လို့ ခံစား
ရတယ်” ဟု ၀န်ခံပြောပြသည်။ တစ်ပါးသူများ သူ့ကို အကောင်းမြင်အောင် ကြိုးစားအားထုတ်ရင်း နောက်ကွယ်၌ စိတ်မလုံမလဲ ဖြစ်နေသည်။ “ ဒါကို ဆက်ထိန်းပြီး ဒီလို နေသွားဖို့ အားမရှိတော့ဘူး” ဟု သူပြောပြသည်။
စုံလင်ပြည့်ဝသော စိတ်ထားရှိရန် မဖြစ်နိုင်၊ ကျွန်ုပ်တို့လည်း တစ်နည်းနည်းဖြင့် ထိုသို့ခံစားရနိုင်သည်။ သခင်ဘုရားနှင့် တစ်ပါးသူများကို ကျွန်ုပ်တို့ ချစ်သည်။ သို့သော် ခရစ်ယာန်အသက်တာကို ရှင်သန်နေထိုင်ရာတွင် ကျွန်ုပ်တို့၏စိတ်ထားက တစ်ခါတစ်ရံ၌ မိမိကို သူတစ်ပါး တန်ဖိုးထားလေးစားပြီး ချီးကျူးခံလိုသည့်ဆန္ဒနှင့် ရောနှော နေသည်။
အများသူငါတို့မြင်အောင် ပေးကမ်းတတ်သူ၊ ဆုတောင်းသူ၊ အစာရှောင်သူများ အကြောင်းကို ရှင်ယေရှုပြောကြားပါသည် (မ ၆း၁-၆)။ တောင်ပေါ်ဒေသနာ၌ “ လက်ျာ လက်ပြုသောအမှုကို လက်ဝဲလက်မသိစေနှင့်” ၊ “ ဆုတောင်းသောအခါ ဆိတ်ညံသော အခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ မထင်ရှားသောအရပ်၌ ရှိတော်မူသော ဘုရားသခင်ကို ဆုတောင်းလော့” ၊ “ အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင် ရှားစေနှင့်” ဟု (း၃ ၊း၆ ၊း၁၈) ရှင်ယေရှု သွန်သင်ခဲ့သည်။
အစေခံခြင်းကို အများအားဖြင့် လူအများရှေ့လုပ်ဆောင်ရသည်။ သို့သော် ဘုရားသခင် ကျွန်ုပ်တို့အပေါ် မည်သို့ရှုမြင်သဘောထားသည်ကို အလေးထား နိုင်အောင်
လူမသိ သူမသိအစေခံခြင်းက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည်။ သူ၏ပုံသဏ္ဌာန်တော် နှင့်အညီ ကျွန်ုပ်တို့ကို ဖန်ဆင်းထားသော ဘုရားရှင်သည် ကျွန်ုပ်တို့ကို အလွန် တန်ဖိုးထား
သည့်အတွက် သူ၏သားတော်ကို ပေးသနားခဲ့ပြီး၊ နေ့ရက်စဉ်တိုင်းတွင်လည်း သူ၏ မေတ္တာကို ကျွန်ုပ်တို့အား ပြသနေပါသည်။ ANNE CETAS
ဖတ်ရန်: မ ၆း၁-၆ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယေဇ ၅-၇ □ ဟေဗြဲ ၁၂
သင်သည် အလှူဒါနကို ပေးသောအခါ ပေးကြောင်းကို မထင်ရှား စေနှင့်။ ... မထင်ရှားသော အရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတ္တံ့။ (း၎)
ကိုယ်တော်၏ချီးကျူးဂုဏ်ပြုမှုထက် သူတစ်ပါး၏ ချီးမွမ်းချီးကျူးမှုကို ရယူလိုသော ဆန္ဒဖြစ်မိ၍ ခွင့်လွှတ်တော်မူပါ ချစ်တော်မူသော သခင်။ စိတ်သဘောထားမှန်အောင်ထားနိုင်ရန် ကြိုးစားရာ၌ ကျွန်ုပ်ကိုမစတော်မူပါ။
ဘုရားသခင်အားနာခံရသည့် အမြင့်ဆုံးသောအကြောင်းရင်းမှာ
ဘုရားသခင်နှစ်သက်ကျေနပ်အားရစေရန်သာ ဖြစ်သင့်သည်။
Our Daily Bread Topics:
odb