လုပ်ငန်းခွင်မှကိစ္စများ၊ အိမ်တွင်းရေးအမှုကိစ္စများကြောင့် မတည်မငြိမ်ဖြစ်ကာ မက် တစ်ယောက် လမ်းလျှောက်ထွက်ခဲ့သည်။ နွေဦးညချမ်းလေပြေလေးက သာသာ ယာယာနှင့် လက်ယပ်ခေါ်နေသည်။ အဆုံးစမဲ့ကောင်းကင်ကြီးက အပြာရောင်မှ မဲမှောင် သွားစဉ် စိမ့်တောပေါ်သို့ မြူမှုန်များသိပ်သည်းစွာ တဖြည်းဖြည်းကျဆင်းလာသည်။ အရှေ့အရပ်မှပေါ်ထွက်လာမည့် လမင်းကြီး၏ရှေ့ပြေးအဖြစ် ကြယ်များလည်း စတင်ပြီး မှုန်ဝါးဝါး လင်းလက်လာသည်။ မက်အတွက် ထိုအခိုက်အတန့်လေးတွင် နက်ရှိုင်းစွာ ၀ိညာဉ်ခွန်အား ရခဲ့သည်။ “ ကိုယ်တော် ရှိတယ်။ ဘုရားသခင် အဲဒီမှာရှိနေတယ်။ ငါ့ကိစ္စတွေကို ကိုယ်တော် သိနေတယ်” ဟု မက် တွေးတောဆင်ခြင်မိသည်။
လူအချို့က ညကောင်းကင်ကိုကြည့်ပြီး သဘာဝ တရားမှလွဲ၍ အခြားဘာကိုမှ မမြင်။ အခြားသူများကလည်း ဘုရားကို လွန်စွာဝေးသောအရပ်၌ရှိပြီး ဂျူပီတာဂြိုဟ် ကဲ့သို့ အေးစက်စက်ဟု မြင်ကြသည်။ သို့သော် “ မြေကြီးစက် အပေါ်မှာထိုင်” တော်မူသော ဘုရားသခင်သည် ကြယ်အစုအဝေး” အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူသော” (ဟေရှာ ၄၀း၂၂၊၂၆) ဘုရားလည်း ဖြစ်သည်။ သူဖန်ဆင်းသည့်အရာကို အသေးစိတ် ကျွမ်းဝင်စွာ သိရှိသည်။
ဤကဲ့သို့သော ဘုရားသခင်က သူ့လူများကို “ အိုယာကုပ်အမျိုး သင်သွားသော လမ်းကို ထာဝရဘုရားသိတော်မမူဟု အဘယ်ကြောင့်ပြောသနည်း” ဟု မေးတော်မူ၏။ သူတို့အတွက် နာကျင်ခံစားရလျက် “ ထိုဘုရားသည် မောသောသူတို့အား ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေး တော်မူကြောင်း (း၂၇-၂၉)… သင်သည်မသိ မကြားဘူးသလော” ဟု သူ့ကို ရှာဖွေရန် သွန်သင်လျက် သူတို့အား ဘုရားရှင် သတိပေးပြောကြားသည်။
ဘုရားသခင်ကို မေ့သွားရန် ကျွန်ုပ်တို့အလွယ်တကူ သွေးဆောင်ခံရသည်။ ညနေပိုင်း လမ်းလျှောက်ထွက်ရုံဖြင့် ကျွန်ုပ်တို့၏ပြဿနာများ ပျောက်မသွားသော်လည်း ဘုရားသခင်သည် သူ၏ကောင်းသောရည်ရွယ်ချက်နှင့် အစဉ်အမြဲ အလုပ်လုပ်နေ ကြောင်း စိတ်ချသေချာလျက် နားခိုရာကို ရှာတွေ့နိုင်ပါသည်။ “ ငါဒီမှာရှိတယ်။ မင်းကို ငါကိုင်ထားတယ်” ဟု ကိုယ်တော် မိန့်ကြားနေပါသည်။ TIM GUSTAFSON
ဖတ်ရန်: ေဟရွာ ၄၀း၂၁-၃၁ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယေဇ ၁၁-၁၃ □ ယာ ၁
ထိုသူသည် သူတို့ အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ (း၂၆)
ထာဝရအကြောင်း လျှပ်တစ်ပြက် မြင်နိုင်အောင် မစသည့် ညကောင်းကင်အတွက် ကျေးဇူးတင်ပါ၏ သခင်။ အပြည့်အ၀နားမလည်နိုင်လည်း ကိုယ်တော်ရှိကြောင်း သိပါ၏။ မိမိမသိသောအမှုအတွက် ကိုယ်တော့်ကို ကိုးစားယုံကြည်ရန် မစတော်မူပါ။
စကြ၀ဠာတွင် အမြင့်ဆုံးသောနေရာကို ဘုရားသခင်ယူထားသကဲ့သို့
ကျွန်ုပ်တို့စိတ်နှလုံးမှ အမြင့်ဆုံးနေရာကို ဘုရားသခင်အား ပေးသင့်သည်။
Our Daily Bread Topics:
odb