ကော်နာစတုံးတက္ကသိုလ်၌ ဆောင်းဦးရာသီရောက်တိုင်း ကျေးဇူးတော်ချီးမွမ်းခြင်း ချိုမြိန်စားပွဲကို ကျင်းပပြုလုပ်သည်။ ကျောင်းသားကျောင်းသူများက ထိုပွဲကို အလွန် နှစ်သက်သဘောကျသည်။ ယမန်နှစ်က ကျောင်းသားတစ်စုသည် ထိုစားပွဲ၌ ဂိမ်းတစ်ခု ကစားခဲ့ကြသည်။ အချိန် ၂ စက္ကန့် ၊ ၃ စက္ကန့်အတွင်း ကျေးဇူးတင်စရာအချက်များကို ဖော်ပြရသည့် ကစားနည်းဖြစ်သည်။ သူများပြောပြီးသား အချက်ကို ထပ်ပြော၍မရပါ။ တုံ့ဆိုင်းသွားသူသည် ကစားဝိုင်းမှ ထွက်ရသည်။
ကျောင်းသားများ ကျေးဇူးတင်ချီးမွမ်းသည့်အချက် များက အစမ်းစာမေးပွဲ၊ အဖြေလွှာတင်ရမည့်နောက်ဆုံးရက်၊ စည်းကမ်းသတ်မှတ်ချက် စသည်ဖြင့် အမျိုးစုံလင်လှပြီး ကောလိပ်ကျောင်းသားဘ၀၏အခက်အခဲ ညည်းစရာများ ပါဝင်သည်။ သို့သော် ဤကျောင်းသားများသည် ကျေးဇူးတော်
ချီးမွမ်းရန် ရွေးချယ်ခဲ့သည်။ ကျွန်တော် ထင်ပါသည်။ ကစားပွဲအပြီးတွင် ညည်းတွားခြင်းထက် ကျေးဇူးတင်ရန် ရွေးချယ်ခြင်းဖြင့် ၎င်းတို့အနေဖြင့် ခံစားချက်များ ပိုမို ကောင်းမွန်နေသာလိမ့်မည်။
ညည်းတွားပြစ်တင်စရာများ များစွာရှိနေသည့်တိုင် သေချာစွာဆင်ခြင်ပါလျှင် ကျေးဇူးတင်စရာ ကောင်းချီးမင်္ဂလာများစွာ ရှိကြောင်းတွေ့ရမည်။ ခရစ်တော်၌ အသစ် ဖြစ်ခြင်း သဘောကို ရှင်ပေါလုဖော်ပြရာ၌ ‘‘ကျေးဇူးတော်ချီးမွမ်းခြင်း’’ဟူသည့်အချက်ကို တစ်ကြိမ်ထက်မက ဖော်ပြထားသည်။ အတိအကျဆိုရလျှင် ၃ ကြိမ်ဖော်ပြထားသည်။ ‘‘ကျေးဇူးတော်ကို ချီးမွမ်းလော့’’ (ကော ၃း၁၅၊ ခေတ်သုံး)၊ ‘‘ဘုရားသခင်အား စိတ်နှလုံး ထဲတွင် ကျေးဇူးတင်လျက် (သီချင်း) သီဆိုကြလော့’’ (း၁၆၊ ခေတ်သုံး)၊ ‘‘… ပြောဆို ပြုမူရာတွင် အဘဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ (၁၇း၊ ခေတ်သုံး)။
ဤစာစောင်ကို ရှင်ပေါလုက ထောင်ထဲမှာ ရေးသားနေခြင်းဖြစ်ကြောင်း အချက်ကို
ထောက်လျှင် ကျေးဇူးတော်ချီးမွမ်းရန် သူ၏သွန်သင်ချက်က ဩချလောက်ပေသည်။
ကျေးဇူးသိတတ်သော စိတ်နှလုံးသားရှိခြင်းကို ယနေ့ ကျွန်ုပ်တို့ ရွေးချယ်ကြ ပါစို့။ JOE STOWELL