ဖွံ့ဖြိုးပြီးနိုင်ငံများစွာ၌ တစ်စတစ်စနှင့်များပြားလာသော ဈေးဝယ်ထွက်ခြင်းကို ခုံမင်သူ များအား ‘‘ဘယ်လောက်ဆိုရင်လောက်မှာလဲ’’ ဟူသည့် ရိုးစင်းသော ဤမေးခွန်းလေးကို မေးပါ မည်။ အမေရိကန်ပြည်ထောင်စု၌ ကျေးဇူးတော်ချီးမွမ်းခြင်း ရက်သတ္တပတ် ပြီးဆုံးပြီး နောက်တစ်ရက် Black Friday တွင် စတိုးဆိုင်များစွာသည် ခပ်စောစောဆိုင်ဖွင့်ပြီး ပစ္စည်းများကို လျှော့ဈေးဖြင့် ရောင်းချကြသည်။ ၎င်းထုံးစံက အခြားနိုင်ငံများ၌ပါ ပျံ့နှံ့ကုန်သည်။ ဈေးဝယ်သူအချို့က သူ့အတိုင်းအတာနှင့်သူ ၀ယ်နိုင်သည့် သင့်တင့်သော
ဈေးနှုန်းဖြင့်သာ ပစ္စည်းများ ၀ယ်ယူကြသည်။ ၀မ်းနည်းစရာမှာ
အချို့သူများမှာ လောဘစိတ်၏တွန်းအားပေးမှုဖြင့် မရမက ဈေးဆစ်ကာဝယ်ယူကြသဖြင့် အကြမ်းဖက်သည့်အသွင် ဆောင်နေတော့သည်။
ဝယ်သူအကြိုက် လိုက်ပေးပြီး စိတ်ကို မွှန်ထူစေခြင်း အန္တရာယ်ကို ဈေးဝယ်ရာ၌ ဖြစ်စေ၊ စိတ်နှလုံး၌ ဖြစ်စေ ကျွန်ုပ်တို့ ရင်ဆိုင်ရမည်။ ထိုအန္တရာယ်အတွက် တန်ပြန် ကုစားရန် ဓမ္မဟောင်းကျမ်းမှ ပညာနှင့်ဆိုင်သောကျမ်းကို ရေးသားသူ ‘ဓမ္မဒေသနာဆရာ’ (ဒေ ၁း၁) က ဆေးနည်းပေးထားသည်။ ငွေကို ချစ်သူသည် ဘယ်သောအခါမှ မလောက်င၊ မရောင့်ရဲနိုင်၊ ထို့ပြင် စည်းစိမ်းဥစ္စာ၏ လွှမ်းမိုးချုပ်ကိုင်မှုကို ခံရမည်။ သို့ငြားလည်း ဘာမှမပါဘဲနှင့် ပြန်သွားရမည်။ ‘‘အမိ ၀မ်းထဲက အလျင်းမပါဘဲ ထွက်လာသကဲ့သို့ ထိုနည်းတူပြန်သွားရမည်’’ (း၅း၁၅)။ တိမောသေထံ ရေးပေးသောစာ၌ ရှင်ပေါလုက ‘ဓမ္မဒေသနာဆရာ’ ၏ စကားကို ထင်ဟပ်ဖော်ပြသည်။ ‘‘ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း’’ (၁ တိ ၆း၁၀)။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရောင့်ရဲသောစိတ် ပါလျက် ဘုရားဝတ်၌ မွေ့လျော်ခြင်းရှိအပ်သည် (း၆)။
ကြွယ်ဝသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ကျွန်ုပ်တို့ စိတ်နှလုံးရှိ ဘုရားနှင့် ဆိုင်သော ဟာကွက်ကို မကောင်းမသင့်သော နည်းလမ်းဖြင့် ဖြည့်ဆည်းရန် ရှာကြံမိ လိမ့်မည်။ သို့သော် ကျွန်ုပ်တို့၏ကောင်းကျိုးနှင့် ငြိမ်သက်ချမ်းသာအတွက် သခင် ဘုရားထံ မျှော်ကြည့်လျှင် ကိုယ်တော်သည် သူ၏ကောင်းမြတ်ခြင်းနှင့် မေတ္တာတော်ကို ကျွန်ုပ်တို့အား ဖြည့်ဆည်းပြည့်စေလိမ့်မည်။ AMY BOUCHER PYE
ဖတ်ရန်: ေဒ ၅း၁၀-၂၀ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယေဇ ၂၄-၂၆ □ ၁ ပေ ၂
ဥစ္စာတိုးပွားသောအခါ စားရသောသူတို့ သည်လည်း တိုးပွား များပြားကြ၏။ မျက်စိနှင့် ကြည့်ရှုခြင်းကျေးဇူးမှ တစ်ပါး အဘယ်ကျေးဇူး ရှိသနည်း။ (း၁၁)
‘‘ကိုယ်တော့်အတွက်ပင် ကျွန်ုပ်တို့ကို ကိုယ်တော်ဖွဲ့စည်းဖြစ်စေပြီး၊ ကိုယ်တော်၌ငြိမ်ဝပ်သက်သာရာကို မရမချင်း ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ချမ်းသာမရပါ။’’ Augustine, The Confessions
စစ်မှန်သော ရောင့်ရဲခြင်းသည်
ဤကမ္ဘာလောကရှိ မည်သည့်အရာပေါ်၌မျှ မူတည်ခြင်းမရှိ။
Our Daily Bread Topics:
odb