လွန်ခဲ့သောနှစ်အတန်ကြာက ဂရိစာရေးဆရာ ‘အေလီယန်´ ပြုစုခဲ့သည့် ဒုတိယ ရာစုနှစ် ခေတ်ကာလက လက်ဆင့်ကမ်းခဲ့သော ငါးဖမ်းနည်းအကြောင်း စာအုပ်ကို ကျွန်တော် အမှတ်မထင်တွေ့ရှိ ဖတ်ရှုခဲ့ရသည်။ ‘‘ဘိုရိုကာနှင့် သက်သာလောနိတ်မြို့ကြားတွင် အက်စထြာကပ် အမည်ရှိ မြစ်တစ်စင်း စီးဆင်းပြီး မြစ်ထဲ၌ အစက်အပြောက်နှင့် ထရော့ငါး
များရှိသည်’’။ ငါးဖမ်းနည်းမှာ ‘‘၀ါဂွမ်းလုံး အနီရောင်ရဲရဲကို
ငါးမျှားချိတ်၌ ငှက်မွေး ၂ ပင်ဖြင့် တွဲချည်ကာ ရေထဲချလိုက် သည်။ ငါးများမှာ အနီရောင် ၀ါဂွမ်းလုံး၏ ဆွဲဆောင်မှုကြောင့် ပါးစပ်အပြည့်ဝါးရတော့မည်အတွေးနှင့် အနီးအနား တိုးလာ ကြသည်’’ (On the Nature of Animals)။
ငါးဖမ်းသမားများသည် ဤနည်းကို ယခုထိတိုင် အသုံးပြုကြဆဲဖြစ်သည်။ ၎င်းကို Red Hackle ဟု ခေါ်ကြ သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၂၀၀ ခန့်က ဤနည်းလမ်းကို ပထမဦးဆုံး အသုံးပြုခဲ့ပြီး ယခုထိတိုင်လည်း အသုံးဝင် နေဆဲပင်ဖြစ်သည်။
ကျွန်တော် ရှေးခေတ်က ထိုငါးဖမ်းနည်းအကြောင်း ဖတ်ရှုရချိန်တွင် ရှေးဟောင်း အရာများဟုဆိုငြားလည်း ခေတ်မီဆဲဟု ကျွန်တော်တွေးမိလိုက်သည်။ အသက်အရွယ် အိုမင်းသော်လည်း ဘုရားသခင်၏နက်နဲပြည့်ဝစုံလင်မှုကို ရောင့်ရဲကျေနပ်မှုအပြည့် ရှိသည့် အသက်တာဖြင့် အခြားသူများအား ပြသခြင်းဖြင့် ကျွန်ုပ်တို့၏ဘ၀သည် အသက်ထက်ဆုံး နေ့ရက်များအထိ အသုံးဝင်ခေတ်မီနေမည်ပင်။ အသက်အရွယ် အိုမင်းသွားစဉ် ကျန်းမာရေးယိုယွင်းလာမှု၊ အတိတ်မှအဖြစ်အပျက်များကို တမ်းတခြင်း အစရှိသည့် ခံစားမှုများကို အဓိက အာရုံထားရမည် မဟုတ်ပါ။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းရင်း အသက်ကြီးရင့်သွားသူတို့၏ သက်ကြွယ်ဘ၀သည် ငြိမ်သက်ခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်း၊ ရဲရင့်ခြင်း၊ ကြင်နာခြင်း စသည့်ဝိညာဉ်အသီးအပွင့်များနှင့် ပြည့်ဝသောဘ၀ဖြစ်နေနိုင်ပါသည်။
‘‘ ထာဝရဘုရား၏အိမ်တော်၌ စိုက်ပျိုးသောသူတို့သည် ငါတို့ဘုရားသခင်၏ တံတိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည်။ အသက်ကြီးသောကာလတွင်ပင် အသီးကို သီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်’’(ဆာ ၉၂း၁၃-၁၄)။ DAVID ROPER
ဖတ်ရန်: ဆာ ၉၂း၁၂-၁၅ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယေဇ ၃၀-၃၂ □ ၁ ပေ ၎
အသက်ကြီးသော ကာလတွင်ပင် အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြ လိမ့်မည်။ (း၁၄)
သခင်ဘုရား၊ အသက်တာတစ်လျှောက်လုံးရှိ ကိုယ်တော်၏သစ္စာတော်အတွက် ကျေးဇူးတင်ပါ၏။ အသက်ထက်ဆုံးတိုင် ကိုယ်တော့်အတွက် အသုံးတော်ခံနိုင်ရန်နှင့် အသက်အရွယ်အိုမင်းချိန်သည် အသုံးမ၀င်တော့ခြင်းမဟုတ်ကြောင်းသတိရရန်မစပါ။
အသက်တာ တစ်နှစ်ထက်တစ်နှစ် ကြီးရင့်လာသည်နှင့်အမျှ
ဘုရားသခင်၏သစ္စာတော် တိုးပွားများပြားလာသည်။
Our Daily Bread Topics:
odb