တံခါးလာခေါက်သဖြင့် သွားဖွင့်ပေးလိုက်ရာ ငွေပမာဏ အမြောက်အမြားပါရှိသည့် ချက် လက်မှတ်တစ်စောင်လာပေးခြင်းဖြစ်နေသည်။ တံခါးဖွင့်ပေးသူက အံ့အားသင့်သွား ပြီးနောက် မြူးတူးစွာအော်ဟစ်ရင်း၊ ကွေးအောင်ကရင်း၊ ခုန်ပေါက်ရင်း၊ တွေ့သမျှ လူကို ပွေ့ဖက်ရင်း ‘‘ငါထီပေါက်ပြီ၊ ငါသူဌေးဖြစ်ပြီ၊ မယုံနိုင်စရာပါလားနော်၊ ငါ့ပြဿနာ တွေ ပြေလည်ပြီ’’ ဟု အော်ပြောနေသည်။ ၎င်းသည် ရုပ်သံ ကြော်ငြာတစ်ခုဖြစ်သည်။ ကြွယ်ဝချမ်းသာခြင်းစည်းစိမ်က ခံစားချက်အမျိုးမျိုးကို ဖြစ်ပေါ်စေပါသည်။
ဆာလံကျမ်းမှ အရှည်ဆုံးဖြစ်သော ဆာလံ ၁၁၉ ၏
အပိုဒ်ငယ် ၁၄ တွင် မှတ်သားဖွယ် အချက်တစ်ချက်ကို တွေ့ရသည်။ ‘‘ခပ်သိမ်းသောစည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံတော်မူရာလမ်း၌ ၀မ်းမြောက်ပါ၏’’ (း၁၄)။ အထက်ပါကြော်ငြာနှင့် ကွာခြားလိုက်ပါဘိ။ ဘ၀ရှင်သန်မှု အတွက် ဘုရားသခင်၏သွန်သင်လမ်းညွှန်မှုအတိုင်း နာခံ လိုက်လျှောက်ခြင်းသည် စည်းစိမ်ဥစ္စာများ ရရှိသကဲ့သို့ပင် အလွန်ဝမ်းမြောက်စရာ ဖြစ်သည်။ ဆာလံဆရာက ထာဝရဘုရား၏ပညတ်တော်အတွက် ကျေးဇူးတင်လျက် ၀မ်းမြောက်ကြောင်းကို ဖော်ကျူးရင်း အပိုဒ်ငယ် ၁၆ တွင် ‘‘အထုံးအဖွဲ့တော်တို့၌မွေ့လျော် ပါ၏။ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ’’ ဟု ထပ်မံမြွက်ဆိုသည်။
သို့သော် ကျွန်ုပ်တို့အနေဖြင့် ထိုသို့ ၀မ်းမမြောက် မခံစားရပါက၊ ဘ၀ရှင်သန်မှု အတွက် ဘုရား၏လမ်းညွှန်မှုများကို ဆုငွေ စည်းစိမ်ရဘိသကဲ့သို့ မည်သို့မည်ပုံ အလွန့် အလွန် ၀မ်းမြောက်နိုင်ပါမည်နည်း။ ကျေးဇူးသိတတ်ခြင်းဖြင့် အစပြုရပါမည်။ ကျေးဇူး သိတတ်ခြင်းသည် ခံယူထားရှိရမည့်စိတ်သဘောဖြစ်သလို မိမိ၏ရွေးချယ်မှုလည်း ဖြစ်သည်။ မိမိတန်ဖိုးထားသည့်အရာကို ကျွန်ုပ်တို့ ဂရုစိုက်တတ်သကဲ့သို့ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်ကို အားဖြည့်လန်းဆန်းစေသည့် ဘုရား၏ဆုလက်ဆောင်များအတွက် ကျေးဇူးသိတတ်မှုကို ဖော်ပြခြင်းဖြင့် အစပြုရမည်။ နှုတ်ကပတ်တော်၌ ကိုယ်တော် ပေးသနားသည့် ဉာဏ်အမြော်အမြင်၊ အသိပညာနှင့် ငြိမ်သက်ခြင်းများကို ကျွန်ုပ်တို့ တွေ့ရှိအောင် မျက်စိကို ဖွင့်ပေးပါရန် ကိုယ်တော်အား တောင်းလျှောက်ပါ။
သခင်ယေရှုကို ချစ်သောစိတ် နေ့စဉ်ကြီးမားလာသည်နှင့်အမျှ ၎င်းကို ကြွယ်ဝခြင်း
စည်းစိမ်အဖြစ် ကျွန်ုပ်တို့ အမှန်ခံစားရလိမ့်မည်။ DAVID MCCASLAND