အပ်ချုပ်ဆရာ ဂျေးကော့ ဒေးဗစ် တစ်ယောက်  ဒုက္ခလှလှကြုံနေရသည်။ ၁၈၀၀ ပြည့်နှစ်က အမေရိက အနောက်ပိုင်းဒေသတွင် ရွှေရှာဖွေတူးဖော်မှုအမြင့်ဆုံးဖြစ်သည်။  ရွှေတူးသမားများ၏ လုပ်ငန်းခွင်သုံးဘောင်းဘီများ အဆက်မပြတ် ပျက်စီးနေသည်။   ဒေးဗစ် သည် လီဗိုင်း စထရော့စ်  ပိုင် ကုန်မာဆိုင်မှ တဲချုပ်သည့် ဖျင်စ၀ယ်၍ လေးလံတောင့်တင်းခိုင်မာသည့် ဖျင်စဖြင့်  လုပ်ငန်းခွင်သုံး ဘောင်းဘီကို ချုပ်သည်။  ဤသို့ဖြင့် ဂျင်းဘောင်းဘီပြာများ စတင်ပေါ်ပေါက်လာသည်။ ယနေ့တွင် လီဗိုင်းဂျင်း အပါအ၀င်
ပုံစံအမျိုးမျိုးနှင့် ဂျင်းအထည်များသည် ကမ္ဘာ့ရေပန်းအစားဆုံး   အ၀တ်အစားများ ဖြစ်လာသည်။ တဲချုပ်သည့်ဖျင်စမှ ပစ္စည်းသစ်ထုတ်ရန် ရည်ရွယ်ချက်အသစ် ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
ရှိမုန်နှင့် သူငယ်ချင်းများသည် ဂါလိလဲအိုင်တွင် လုပ်ကိုင်စားသောက်နေသော တံငါသည်များဖြစ်ကြသည်။ ယေရှုရောက်လာပြီး သူတို့ကို သူ့နောက်တော်သို့လိုက်ရန် ခေါ်ခဲ့သည်။ သူတို့ဘ၀အတွက် ရည်ရွယ်ချက်အသစ်ပေးခဲ့သည်။ ငါးမျှားသည့် တံငါသည် မဖြစ်စေတော့ပါ။ “ ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကို မျှားသော တံငါဖြစ်စေခြင်းငှာ ငါပြုမည်” ဟူ၍ (မာ ၁း၁၇) သခင်ယေရှုက မိန့်တော်မူခဲ့သည်။
၎င်းတို့အသက်တာအတွက် ထားရှိသော ရည်ရွယ်ချက်အသစ်နှင့်အတူ သူတို့ကို
သခင်ယေရှု သွန်သင်သည်၊ လေ့ကျင့်ပေးခဲ့သည်။ ထို့ကြောင့် ကောင်းကင်သို့ သခင် တက်ကြွသွားပြီးနောက် ကားတိုင်တော်နှင့် ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း သတင်း စကားဖြင့် လူတို့၏စိတ်နှလုံးကို ဖမ်းဆုပ်နိုင်ရန်အလို့ငှာ ဘုရား၏အသုံးပြုမှုကို ခံရပါ တော့သည်။ ယနေ့ ကျွန်ုပ်တို့သည်လည်း ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်  ၀မ်းမြောက်ဖွယ်
ကယ်တင်ခြင်းသတင်းစကားကို ဝေငှခြင်းဖြင့် သူတို့ခြေရာကို လျှောက်ကြရပါမည်။
ကျွန်ုပ်တို့၏အသက်တာများသည် အခြားသူများ၏ အသက်တာ၊ ရည်ရွယ်ချက် နှင့်အနာဂတ်ပန်းတိုင်ကို ပြောင်းလဲစေနိုင်သော မေတ္တာကိုဖော်ပြ၍ ကြွေးကြော်နိုင်ကြ ပါစေ။ BILL CROWDER