တရားနာပရိသတ်များကြားတွင်ထိုင်ရင်း သင်းအုပ်ဆရာနှင့် မျက်နှာချင်းဆိုင်လျက် သူ့ ထံသို့ အကြည့်များပို့ထားသည်။ ကျွန်ုပ်၏ကိုယ်ဟန်အနေအထားက ဆရာပြောသမျှကို အမှန်အကန်နာယူနေသည့်ပုံပေါက်နေသည်။
ထိုစဉ် လူတိုင်းရယ်မောကာ လက်ခုပ်လက်ဝါးတီးကြသဖြင့် အံ့အားသင့်လျက် လိုက်ကြည့်မိသည်။ ဆရာက ဟာသဖောက်လိုက်ခြင်း ဖြစ်မည်။ သို့သော် ဆရာဘာပြောလိုက်မှန်း အရိပ်အမြွက် လေးပင် ကျွန်ုပ်မသိလိုက်ပါ။ ကျွန်ုပ်၏ပုံစံက အသေအချာ နားထောင်နေပုံပေါ်နေသော်လည်း လက်တွေ့တွင်ကျွန်ုပ်၏ စိတ်များ ပျံ့လွင့်နေသည်။
ပြောသည်ကိုကြားရသော်လည်း နားမထောင်၊ ကြည့်သော်လည်း မမြင်၊ ရှိနေသော်လည်း ပျက်ကွက် (ပျောက်နေ)ခြင်းများ ဖြစ်နေနိုင်ပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် ကျွန်ုပ်တို့ အတွက် အရေးကြီးသော သတင်းစကားများကို လွတ်သွားနိုင်ပါသည်။
ဧဇရသည် ဘုရားသခင်၏ညွှန်ကြားချက်များကို ယုဒလူတို့အား ဖတ်ပြနေစဉ် “ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏” (နေ ၈း၃)။ ရှင်းလင်းသွန်သင်ချက်များကို အသေအချာနားထောင်ခြင်းကြောင့် ရလဒ်အနေဖြင့် သူတို့ နားလည်သဘောပေါက်လျက် (း၈)၊ နောင်တရကာ တစ်ဖန် ပြန်လည်နိုးကြား လာသည်။ ရှမာရိပြည်၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုတွင် ယေရုရှလင်မြို့၌ ယုံကြည်သူများအား ညှဉ်းပန်းနှိပ်စက်မှုများဖြစ်ပွားပြီးနောက်ပိုင်း ဖိလိပ္ပုသည် ရှမာရိ လူများထံသို့ သွားရောက်ဧ၀ံဂေလိဟောကြားခဲ့သည်။ လူထုကြီးက သူပြုသည့်အံ့ဖွယ် နိမိတ်များကို တွေ့ရသည်သာမက “ သူ့စကားကိုလည်း တညီတညွတ်တည်း နားထောင် ကြ၏” (း၆)။ သို့ဖြစ်၍ “ ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်း ရှိကြ၏” (း၈)။
လူ့စိတ်သည် အနီးရှိစိတ်လှုပ်ရှားဖွယ်အမှုများစွာကို မတွေ့ဘဲ လွတ်သွားသူ၊ ခြေဦးတည့်ရာသွားနေသည့် စွန့်စားရှာဖွေသူနှင့်တူသည်။ ကောင်းကင်ဘုံရှင်အဘ ဘုရား၏၀မ်းမြောက်ခြင်း၊ အံသြဖွယ်ရာများကိုတွေ့ရှိအောင် ကူညီပေးသည့် နှုတ်ကပတ်တော်ထက် အခြားဘယ်အရာကိုမှ ပိုပြီးအာရုံမစိုက်သင့်ပါ။
LAWRENCE DARMANI
ဖတ်ရန်: ေန ၈း၂-၆၊ တ ၈း၄-၈ သမ္မာကျမ်းစာတစ်နှစ်စာ: □ မြည် ၁-၂ □ ဟေဗြဲ ၁၀း၁-၁၈
လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။
(နေ ၈း၃)
ကျွန်ုပ်တို့၏စိတ်သည် အလွယ်တကူ အာရုံနောက် အာရုံလွဲသွားနိုင်ပါသည် သခင်။
အထူးသဖြင့် ကိုယ်တော်၏တရားလမ်းကို ညွှန်ကြားပြသနေသူတို့အား နားထောင်နေချိန်တွင် အာရုံစုစည်းနိုင်အောင် မစတော်မူပါ။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံရရှိခြင်း၌ အပိုင်း နှစ်ပိုင်းရှိသည်။
စိတ်အာရုံပြုခြင်းနှင့် လက်ခံလိုသောဆန္ဒရှိခြင်းတို့ဖြစ်သည်။ William Ames
Our Daily Bread Topics:
odb