လုပ်ငန်းခွင်မှကိစ္စများ၊ အိမ်တွင်းရေးအမှုကိစ္စများကြောင့် မတည်မငြိမ်ဖြစ်ကာ မက် တစ်ယောက် လမ်းလျှောက်ထွက်ခဲ့သည်။ နွေဦးညချမ်းလေပြေလေးက သာသာ ယာယာနှင့် လက်ယပ်ခေါ်နေသည်။ အဆုံးစမဲ့ကောင်းကင်ကြီးက အပြာရောင်မှ မဲမှောင် သွားစဉ် စိမ့်တောပေါ်သို့ မြူမှုန်များသိပ်သည်းစွာ တဖြည်းဖြည်းကျဆင်းလာသည်။ အရှေ့အရပ်မှပေါ်ထွက်လာမည့် လမင်းကြီး၏ရှေ့ပြေးအဖြစ် ကြယ်များလည်း စတင်ပြီး မှုန်ဝါးဝါး လင်းလက်လာသည်။ မက်အတွက် ထိုအခိုက်အတန့်လေးတွင် နက်ရှိုင်းစွာ ၀ိညာဉ်ခွန်အား ရခဲ့သည်။ “ ကိုယ်တော် ရှိတယ်။ ဘုရားသခင် အဲဒီမှာရှိနေတယ်။ ငါ့ကိစ္စတွေကို ကိုယ်တော် သိနေတယ်” ဟု မက် တွေးတောဆင်ခြင်မိသည်။
လူအချို့က ညကောင်းကင်ကိုကြည့်ပြီး သဘာဝ တရားမှလွဲ၍ အခြားဘာကိုမှ မမြင်။ အခြားသူများကလည်း ဘုရားကို လွန်စွာဝေးသောအရပ်၌ရှိပြီး ဂျူပီတာဂြိုဟ် ကဲ့သို့ အေးစက်စက်ဟု မြင်ကြသည်။ သို့သော် “ မြေကြီးစက် အပေါ်မှာထိုင်” တော်မူသော ဘုရားသခင်သည် ကြယ်အစုအဝေး” အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူသော” (ဟေရှာ ၄၀း၂၂၊၂၆) ဘုရားလည်း ဖြစ်သည်။ သူဖန်ဆင်းသည့်အရာကို အသေးစိတ် ကျွမ်းဝင်စွာ သိရှိသည်။
ဤကဲ့သို့သော ဘုရားသခင်က သူ့လူများကို “ အိုယာကုပ်အမျိုး သင်သွားသော လမ်းကို ထာဝရဘုရားသိတော်မမူဟု အဘယ်ကြောင့်ပြောသနည်း” ဟု မေးတော်မူ၏။ သူတို့အတွက် နာကျင်ခံစားရလျက် “ ထိုဘုရားသည် မောသောသူတို့အား ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေး တော်မူကြောင်း (း၂၇-၂၉)… သင်သည်မသိ မကြားဘူးသလော” ဟု သူ့ကို ရှာဖွေရန် သွန်သင်လျက် သူတို့အား ဘုရားရှင် သတိပေးပြောကြားသည်။
ဘုရားသခင်ကို မေ့သွားရန် ကျွန်ုပ်တို့အလွယ်တကူ သွေးဆောင်ခံရသည်။ ညနေပိုင်း လမ်းလျှောက်ထွက်ရုံဖြင့် ကျွန်ုပ်တို့၏ပြဿနာများ ပျောက်မသွားသော်လည်း ဘုရားသခင်သည် သူ၏ကောင်းသောရည်ရွယ်ချက်နှင့် အစဉ်အမြဲ အလုပ်လုပ်နေ ကြောင်း စိတ်ချသေချာလျက် နားခိုရာကို   ရှာတွေ့နိုင်ပါသည်။ “ ငါဒီမှာရှိတယ်။ မင်းကို ငါကိုင်ထားတယ်” ဟု ကိုယ်တော် မိန့်ကြားနေပါသည်။ TIM GUSTAFSON