မိတ်ဆွေများက မိသားစုနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အစဉ်အလာအကြောင်းများ ဝေငှနေသည်ကို အမ်မလီတစ်ယောက် နားထောင်နေသည်။ ‘‘ကျွန်မတို့က အခန်းထဲမှာ လှည့်ပတ်သွားကြပြီး ဘာအတွက် ဘုရားသခင်ကို ကျေးဇူးတင်သလဲဆိုတာ ပြောပြကြ တယ်’’ ဟု ဂါရီ က ဆိုသည်။
အခြားမိတ်ဆွေတစ်ဦးကလည်း မိသားစုကျေးဇူးတော်
ချီးမွမ်းခြင်းညစာစားပွဲလုပ်ပြီး ဆုတောင်းကြကြောင်း၊သူ့ဖခင် မကွယ်လွန်မီက ခံစားရသည့်ရောဂါကြောင့် စိတ်ဖောက် သည့်ဝေဒနာခံစားရသော်လည်း ဘုရားသခင်ကို ကျေးဇူးတင် ကြောင်း သူ့ဆုတောင်းချက်က ရှင်းလင်းပီပြင်လှသည်ဟု ဆိုသည်။ ‘‘ကျေးဇူးတော်ချီးမွမ်းခြင်းကာလက ကျွန်တော်တို့ မိသားစုတွေ အတူတစ်ကွ သီချင်းဆိုချီးမွမ်းတဲ့ အထူးအချိန် ဖြစ်တယ်။ အဘွားဆိုရင် သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ဆက်ဆိုနေတော့တယ်’’ ဟု ရဲန်ဒီက ဝေငှသည်။ အမ်မလီမှာ သူ့မိသားစုကိုတွေးရင်း ၀မ်းနည်းစိတ်နှင့်အတူ မနာလို စိတ်များတိုးဝင်လာသည်။ ‘‘ကိုယ်တွေကျတော့ ကြက်ဆင်သားစား၊ တီဗွီကြည့်တာပဲ။
ဘုရားအကြောင်းမပြော၊ကျေးဇူးတော်လည်းမချီးမွမ်း’’ဟု သူညည်းတွားမိသည်။
ချက်ခြင်းဆိုသလို သူ့စိတ်ဓာတ်ကို သူဘ၀င်မကျဖြစ်သွားသည်။ ‘‘မင်းက အဲဒီ မိသားစုဝင်လေ၊ အဲဒီအစဉ်အလာကို မင်းဘယ်လို ပြောင်းလဲပစ်လိုက်ချင်လဲ’’ ဟု သူ့ကိုယ်သူမေးလိုက်သည်။ သူ့မိသားစုဝင် တစ်ဦးချင်းစီအား အစ်ကိုအစ်မ၊တူတူမနှင့်
ဆွေမျိုးများကို ဘုရားသခင်ပေးထား၍ ကျေးဇူးတင်ကြောင်း ပြောပြမည်ဟု အမ်မလီ ဆုံးဖြတ်လိုက်သည်။ ကျေးဇူးတော်ချီးမွမ်းခြင်းနေ့ရောက်သော် မိသားစုဝင် တစ်ဦးချင်းစီ အတွက် ကျေးဇူးတင်ကြောင်း မိသားစုဝင်များကို တစ်ယောက်ပြီး တစ်ယောက် အမ်မလီ ထုတ်ဖော်ပြောသည်။ မိသားစုဝင်များလည်း မေတ္တာကို ခံစားကြရသည်။ မိသားစု၌ ထိုသို့ ပြောလေ့ပြောထမရှိသဖြင့် ပြောရသည်မှာ မလွယ်၊ တစ်မျိုးဖြစ်နေသည်။ သို့ငြားလည်း မိသားစုဝင်တိုင်းအား မေတ္တာပြခြင်းဖြင့် သူလည်း ၀မ်းမြောက်ခြင်းကို ခံစားခဲ့ရသည်။
‘‘ကြားနာသူတို့၏အကျိုးကို ပြုစုစေခြင်းငှာ တည်ဆောက်စရာဖို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့’’ (ဧ ၄း၂၉) ဟု ရှင်ပေါလု ရေးသားခဲ့သည်။ ကျွန်ုပ်တို့၏
ကျေးဇူးတင်စကားသည် တစ်ဖက်သားကို ကျွန်ုပ်တို့တန်ဖိုးထားကြောင်း၊ ဘုရား သခင်လည်း တန်ဖိုးထားကြောင်း ပြန်ပြောင်း သတိပေးနေလိမ့်မည်။ ANNE CETAS
ဖတ်ရန်: ဧ ၄း၂၅-၃၂ သမ္မာကျမ်းစာတစ်နှစ်စာ: □ ယေဇ ၁၆-၁၇ □ ယာ ၃
လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ၏။
(သု ၁၈း၂၁)
ချစ်သောသခင်ဘုရား၊ ကျွန်ုပ်ပြောသောစကားများဖြင့်
တစ်ပါးသူအတွက် မည်သို့ခွန်အားပေး မစနိုင်ကြောင်း ပြမူပါ။
ခွန်အားပေးမစသော စကားတစ်ခွန်းသည်
လူ့စိတ်ကို မျှော်လင့်ခြင်းဖြင့် ပြည့်ဝစေသည်။
Our Daily Bread Topics:
odb