သင် တစ်ယောက်တည်း စကားပြောဖူးပါသလား။ တစ်ခါတစ်ရံ ပရောဂျက်များလုပ်ဆောင် ရသောအခါ ကျွန်တော်သည် ကားထဲထိုင်စဉ်းစားရင်း အကောင်းဆုံးဖြစ်အောင် မည်သို့ပြင်မည်၊ မည်သို့ပြောင်းမည်စသည်ဖြင့် တစ်ယောက်တည်းအသံထွက်ပြီး စကားပြောသည်။ ၎င်းက အထောက်အကူဖြစ်ပါသည်။ ယခုလို စကားပြောနေခြင်းကို တစ်ယောက်ယောက်က တွေ့သွားလျှင် ရှက်စရာဖြစ် သော်လည်း ကိုယ့်ဘာသာကိုယ် စကားပြောခြင်းသည် လူအများစုက နေ့စဉ်လုပ်နေသောအရာတစ်ခုဖြစ်သည်။
ဆာလံသီချင်း၌ ဆာလံဆရာများသည် မိမိဘာသာ တစ်ယောက်တည်း စကားပြောလေ့ရှိကြသည်။ ဆာလံ ၁၁၆ ကို ရေးခဲ့သူအား ကျွန်တော်တို့ ထိမ်ချန်ထား၍ မရပေ။ (း၇) တွင် သူက ‘‘အို ငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရဘုရားသည် သင်၌ ကျေးဇူးပြုတော်မူပြီ’’ ဟု ရေးစပ်ထားသည်။ အတိတ်က ဘုရားသခင် ပြုခဲ့သော ကျေးဇူးကရုဏာနှင့် သစ္စာတော်ကို သူ့ကိုယ်ကို သတိပေးခြင်းက လက်ရှိပစ္စုပ္ပန်ဘ၀တွင် သက်သာရာနှင့် အထောက်အပံ့ ရရှိစေပါသည်။ ဆာလံကျမ်းထဲ၌ ထိုကဲ့သို့သော စကားပြောမျိုးကို မကြာခဏ တွေ့ရတတ်ပါသည်။ ဆာလံ ၁၀၃း၁ တွင် ဒါဝိဒ်မင်းကြီးသည် သူ့ကိုယ်သူ ‘‘အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ငါ၏အထဲမှာ ရှိသမျှတို့ သန့်ရှင်းသောနာမတော်ကို ကောင်းချီးပေးလော့။ ငါ၏အထဲမှာ ရှိသမျှတို့ သန့်ရှင်းသော နာမတော်ကို ကောင်းချီးပေးကြလော့’’ ဟူ၍ ပြောထားသည်။ ဆာလံ ၆၂း၅ တွင်လည်း ‘‘အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမျှော်လင့်ခြင်းအကြောင်းသည် အထံတော်က သက်ရောက်ရ၏’’ ဟူ၍ ဟုတ်မှန်ကြောင်း အတည်ပြုကာ မိန့် မြွက်သည်။
ဘုရားရှင်၏ သစ္စာတော်နှင့် သူ၌ရှိသော ကျွန်တော်တို့၏မျှော်လင့်ခြင်းအကြောင်း မိမိကိုယ်ကို သတိပေးခြင်းမှာ ကောင်းသည်။ ဆာလံဆရာ လုပ်ဆောင်သကဲ့သို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်ပါသည်။ ဘုရားရှင် ကျွန်တော်တို့အပေါ် ပြုခဲ့သော ကောင်းသောအရာများကို ရေတွက်ရန် အချိန်ယူနိုင်ပါသည်။ ထိုသို့ပြုလျှင် ကျွန်တော်တို့စိတ်ဓာတ်ခွန်အား မြင့်တက် လာမည်။ အတိတ်မှာ သစ္စာရှိခဲ့သော ဘုရားရှင်သည် အနာဂတ်တွင်လည်း ကျွန်တော်တို့ အပေါ် သူ့မေတ္တာတော်ကို ဆက်လက်သွန်းလောင်းနေမည်ဖြစ်သည်။ JAMES BANKS