နှစ်စဉ် ခရစ်စမတ် မရောက်မီ ရက်သတ္တပတ်များတွင် ကမ္ဘာလှည့်ခရီးသည်တို့ စိတ်ဝင်စားသောနေရာဖြစ်သည့် စင်္ကာပူနိုင်ငံ၏ Orchard လမ်းကို အံ့ဖွယ်ကမ္ဘာတစ်ခု အသွင် ရောင်စုံမီးလုံးများနှင့် ဆင်ယင်ထားသည်။ စီးပွားရေး အချက်အချာကျသော လအတွင်းတွင် ဤကဲ့သို့ ရောင်စုံမီးများ ဆင်ယင်ထားခြင်းမှာ လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများတွင် ခရီးသည်များ ပိုက်ဆံ သုံးဖြုန်းရန်ဖြစ်သည်။ ဈေးဝယ်သူများမှာ ပွဲဈေးလျှောက်ရင်း၊ ခရစ်စမတ်ကယ်ရယ် သီချင်းများ နားဆင်ရင်း၊ ဖျော်ဖြေမှုများကို ကြည့်ရှု ခံစားရင်း ခရစ်စမတ်ပွဲတော်ကို ပါဝင်ဆင်နွှဲကြသည်။
ပထမဦးဆုံး `ခရစ်စမတ်အလင်း´ သည် လျှပ်စစ် မီးကြိုးများ၊ နီယွန်မီးလုံးများဖြင့် ဆင်ယင်ထားခြင်းမဟုတ်ဘဲ ‘‘ထာဝရဘုရား၏ဘုန်းတော် ထွန်းတောက်’’ လျက် အလင်း
ဖြာခဲ့သည် (လု ၂း၉)၊ မည်သည့်ကမ္ဘာလှည့် ခရီးသည် တစ်ယောက်မျှ မတွေ့မြင်ခဲ့ရပါ။ လယ်ကွင်းပြင်ရှိ သိုးကျောင်းသား အနည်းငယ်သာ မြင်တွေ့ခဲ့ရသည်။ ထိုနောက်တွင် ကောင်းကင်တမန်တို့၏ ‘‘ကောင်းကင် ဘ၀ဂ်ဝယ် ဘုန်းကြီးတော်မူစေသတည်း’’ ဟူသည့် ချီးမွမ်း သီဆိုသံက လိုက်လာပါသည် (း၁၄)။
သိုးထိန်းများသည် ကောင်းကင်တမန်ပြောသောအရာ မှန် မမှန် သိရန် ဗက်လင်မြို့သို့ လာခဲ့ကြသည် (း၁၅)။ အတည်ပြုပြီးနောက် သူတို့ မြင်ခဲ့ကြားခဲ့ရသော အရာများကို ပြန်မပြောဘဲ မနေနိုင်ခဲ့ပါ။ `တွေ့မြင်ပြီးမှ မိမိတို့ကြားသော ထိုသူငယ်၏ အကြောင်း စကားကို အနှံ့အပြားပြောကြ၏´(း၁၇)။
ကျွန်ုပ်တို့ အများစုသည် ခရစ်စမတ်အကြောင်းကို မကြာခဏ ကြားခဲ့ဖူး မည်။ ‘‘လောက၏အလင်း’’ ဖြစ်သော (ယော ၈း၁၂) ခရစ်တော်ကြွဆင်းလာသည့် အကြောင်းကို ဤခရစ်စမတ်အချိန်တွင် အဘယ်ကြောင့် တစ်ပါးသူများအား မဝေမျှဘဲ နေမည်နည်း။ C. P. HIA
ဖတ်ရန်: ေယာ ၈း၁၂-၂၀ သမ္မာကျမ်းစာတစ်နှစ်စာ: □ ဒံ ၁-၂ □ ၁ ယော ၎
တစ်ဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။ (း၁၂)
သခင်ဘုရား၊ ယခုခရစ်စမတ်ကာလတွင်
ကိုယ်တော်၏ မျက်မှောက်တော်၌ တည်ရှိခြင်းနှင့် ကောင်းမြတ်ခြင်းရောင်ခြည်တော်ကို
သူတစ်ပါးအပေါ် ထွန်းလင်းနိုင်စိမ့်သောငှာ ကူမတော်မူပါ။
ကျွန်ုပ်တို့အတွင်း၌ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလက်ဆောင်သည် မည်သည့် မှောင်မိုက်တွင်မဆို ထွန်းလင်းနိုင်သည်။
Our Daily Bread Topics:
odb