ကျွန်တော်ကလေးဘ၀က L. Frank Baum ရေးသားသော Land of Oz စာအုပ်များကို စွဲလန်းနှစ်သက်စွာ ဖတ်ခဲ့သည်။ မကြာသေးမီက Rinkitink in Oz
မူရင်းလက်ရာကို ပြန်လည်ဖတ်ရှုခံစားဖြစ်သည်။ အစားထိုး၍မရသော၊ လက်တွေ့ ကျပြီး ကောင်းမြတ်လှသော ဘုရင်ကြီး Rinkitink ၏ မွန်မြတ်သောနှလုံးသားနှင့် ကိုးရိုးကားယားနိုင်ပုံအကြောင်း Baum ၏ရွှတ်ရွှတ် နောက်နောက် အရေးအသားကို ကျွန်တော် သဘောကျ ရယ်မိပြန်သည်။ အိမ်ရှေ့မင်းသားငယ် Inga က `ဘုရင်ကြီးရဲ့ နှလုံးသားက ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တယ်။ အဲဒါက ဉာဏ်အမြော်အမြင်ရှိတာထက် ပိုကောင်းတယ်´ ဟူ၍ အပေါ်လွင်ဆုံးဖော်ပြခဲ့သည်။
ရိုးစင်းပြီး အဓိပ္ပာယ်ရှိလေစွ။ မိမိနှင့် ရင်းနှီးသူ တစ်ဦး၏ နှလုံးသားကို ကြမ်းတမ်းသောစကားများဖြင့် မနာကျင်စေသူ မည်သူရှိသနည်း။ ထိုသို့နာကျင်စေခဲ့၍ ငြိမ်းချမ်းငြိမ်သက်မှုကို ကျွန်ုပ်တို့ ဖျက်ဆီးပစ်ပြီး မိမိချစ်ခင်သူများ အပေါ်ပြုခဲ့သည့် ကောင်းကျိုးချမ်းသာများ အရာမထင်တော့ပါ။ ‘‘မစာနာ မကြင်နာမှု အနည်းငယ်သည် ကြီးမားသောကြေကွဲနာကျင်ခံစားမှုကို ဖြစ်စေသည်’’ ဟူ၍ ၁၈ ရာစုနှစ်
အင်္ဂလိပ်စာရေးဆရာမ Hannah More က ပြောခဲ့သည်။
ယခုတွင် သတင်းကောင်းမှာ မည်သူမဆို ကြင်နာနိုင်ခြင်းဖြစ်သည်။ စိတ်နှလုံးကို ထိတွေ့ဖမ်းစားသော တရားဟောချက်များကို ကျွန်ုပ်တို့ မဟောပြောနိုင်၊ ခက်ခဲသည့်မေးခွန်းကြီးများကို မဖြေနိုင်ကြ၊ လူထုကြီးကို ဧ၀ံဂေလိတရား ဝေငှနိုင်ချင်မှ ဝေငှနိုင်ကြပါမည်။ သို့သော် လူတိုင်းအပေါ် ကျွန်ုပ်တို့ကြင်နာမှုပြနိုင်ပါသည်။
မည်သို့ပြနိုင်မည်နည်း။ ဆုတောင်းခြင်းအားဖြင့်ဖြစ်သည်။ ဆုတောင်းခြင်းက ကျွန်ုပ်တို့ နှလုံးသားကို နူးညံ့စေသော နည်းလမ်းတစ်ခုဖြစ်သည်။ ‘‘အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်းကို ထားတော်မူပါ။ အကျွန်ုပ်၏ နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ။ ဒုစရိုက်ပြုသောသူနှင့်အတူ အကျွန်ုပ်ပါ၍ မတရားသောအမှု ဒုစရိုက် အမျိုးမျိုး၌ ကျင်လည်စေခြင်းငှာ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်’’ (ဆာ ၁၄၁း၃-၄)။ မေတ္တာကင်းမဲ့စိမ်းကားလာသော လောကကြီးတွင် ဘုရားသခင်၏နှလုံးသားမှလာသော ကြင်နာမှုကရုဏာတရားသည် သူတစ်ပါးအတွက် ကျွန်ုပ်တို့ ဝေငှနိုင်သော အကူအညီအဖြစ်ဆုံး၊ နှစ်သိမ့်သက်သာမှု အပေးနိုင်ဆုံးသောအရာဖြစ်သည်။ DAVID ROPER
ဖတ်ရန်: ဆာလံ ၁၄၁း၁-၃ သမ္မာကျမ်းစာတစ်နှစ်စာ: □ ဒံ ၃-၄ □ ၁ ယော ၅
အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ … ရှိကြလော့။ (ဧဖက် ၄း၃၂)
သခင်ဘုရား၊ အခြေအနေတစ်ရပ်တွင် အမျက်ဒေါသနှင့် တုံ့ပြန်မိစဉ် ခွင့်လွှတ်မူပါ။
နှလုံးသားကို နူးညံ့စေ၍ စကားအားဖြင့် သူတစ်ပါးကို ခွန်အားပေးနိုင်ရန် ကူမမူပါ။
မိမိအပေါ်ထားသော ဘုရားသခင်၏တုနှိုင်းမဲ့ချစ်မေတ္တာကို သိရခြင်းသည် လောကသို့ သွား၍ အခြားသူကို ထိုအတိုင်း ချစ်ရန် တွန်းအားပေးသည်။ oswald chambers
Our Daily Bread Topics:
odb