သားရဲသတ္တ၀ါကြီး ၃ ကောင် ပွတ်သီပွတ်သပ် ကစားနေသည်ကို မြင်ရသည်မှာ တစ်မူထူးခြားနေသည်။ သို့သော် ၎င်းသည် ဂျော်ဂျီယာ  တိရစ္ဆာန်ရုံ၌ နေ့စဉ် မြင်ရသော မြင်ကွင်းဖြစ်သည်။ ၂၀၀၁ ခုနှစ်က ခြင်္သေ့၊ ဘင်္ဂလားကျားနှင့် ၀က်ဝံနက်စသည့် သားရဲ ၃ ကောင်တို့သည် လအတော်ကြာ  ရက်စက်စွာနှိပ်စက်ခံရပြီးနောက် နောဧသင်္ဘော တိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့ ၏ ကယ်ဆယ်ခြင်း ခံရပါသည်။ လက်ထောက်ဒါရိုက်တာက “သူတို့ကို ခွဲထားချင်ပေမဲ့ သူတို့က မိသားစုအနေနဲ့ ရောက်လာတာဖြစ်တဲ့အတွက် အတူတူထားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်’’ ဟုပြောပါသည်။ ၎င်းတို့ နှိပ်စက်ခံခဲ့ရစဉ်အတွင်း ထိုသတ္တ၀ါ ၃ ကောင်သည် တစ်ကောင်နှင့်တစ်ကောင် မတူညီမှုများကို အမှုမထားဘဲ လိုက်လျော ညီထွေစွာ အတူတကွ ငြိမ်းချမ်းစွာ နေထိုင် ခဲ့ကြသည်။
စည်းလုံးခြင်းသည် လှပကောင်းမွန်သောအရာ တစ်ခု ဖြစ်သည်။ ဧဖက်မြို့ရှိ ယုံကြည်သူများထံ ရှင်ပေါလု၏ စည်းလုံးမှုအကြောင်း ရေးခဲ့သော စာစောင်သည် အင်မတန်မှ ညီညွတ်လှပရှိသည်။ ဧဖက်မြို့အသင်းသား များအား ခရစ်တော်တည်းဟူသော ခန္ဓာကိုယ်တစ်ခုတည်းမှ ယုံကြည်သူများအဖြစ် အသက်ရှင် နေထိုင်ရန်  ရှင်ပေါလု တိုက်တွန်းခဲ့သည် (ဧဖက် ၄း၎-၅)။ သန့်ရှင်းသော ၀ိညာဉ်တော်၏တန်ခိုးတော်အားဖြင့် နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်ခြင်းတို့ ကြီးထွားရင့်ကျက်စေလျက်  ၎င်းတို့ ညီညွတ်စွာ နေထိုင်နိုင်အောင် မစလိမ့်မည်။ သခင်ခရစ်တော်ယေရှုတည်းဟူသော အုတ်မြစ်၌တည်ရှိနေခြင်းဖြင့် မေတ္တာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက် သည်းခံနိုင်ရန် ကျွန်ုပ်တို့ကို မစ သည် (၄း၂)။
ကျွန်ုပ်တို့၏မတူညီကွဲပြားမှုများကို မရှုမမှတ်ဘဲ ဘုရားရှင်၏မိသားစုဝင်များ ဖြစ်သည့်အလျောက် ကယ်တင်ရှင်၏အသေခံပေးခြင်းအားဖြင့် ကိုယ်တော်နှင့် ပြန်လည် သင့်မြတ်နိုင်ခဲ့ပြီး၊ အသက်တာ၌ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏ ဆက်လက် လုပ်ဆောင်မှုဖြင့် တစ်ယောက်နှင့်တစ်ယောက် ပြန်လည်သင့်မြတ်စေခဲ့ပြီ။ MARVIN WILLIAMS