ချားလ်စ် လိုဝယ်ရီ သည် ကျောအောက်ပိုင်း နာကျင်မှုအကြောင်းကို သူ့သူငယ်ချင်းအား ညည်းညူကာ ရင်ဖွင့်သည်။ သူကို စာနာနားလည်နှစ်သိမ့်ရန် သူ မျှော်လင့်ခဲ့သော်လည်း ရိုးသားပွင့်လင်းစွာ ဝေဖန်ချက်ကိုသာ ရရှိခဲ့သည်။ သူ့မိတ်ဆွေက ‘‘ခင်ဗျားရဲ့ ပြဿနာက ကျောနာနေတယ်လို့ ကျွန်တော်မထင်ဘူး၊ ခင်ဗျားရဲ့ အစာအိမ်က ပြဿနာပဲလို့ ထင်တယ်။ ခင်ဗျားရဲ့ အစာအိမ်က သိပ်ကြီးလွန်းနေတဲ့ အတွက် အနောက်ဘက်ကို တွန်းထုတ်နေတာဘဲဖြစ်မှာ’’ ဟု  ပြောခဲ့သည်။
REV! မဂ္ဂဇင်းတွင် ချားလ်စ် က သူသည် စိတ်မကောင်းဖြစ်လျက် စိတ်နာသွားရန် သွေးဆောင်မှုကို ခံနိုင်ရည်ရှိခဲ့ကြောင်း ဝေမျှခဲ့သည်။ သို့နှင့် သူဝိတ်ချလိုက်ရာ   ခါးနာသည့်ဝေဒနာ ပျောက်ကင်းသွားသည်။ `ထင်ရှားစွာ ဆုံးမပြစ်တင်ခြင်းသည် တိတ်ဆိတ်စွာ ချစ်ခြင်းထက်သာ၍ ကောင်း၏။ အဆွေခင်ပွန်း သည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေးကြောင်း´ ချားလ်စ်  နားလည်ခဲ့ရသည် (သု ၂၇း၅-၆)။
မကြာခဏဆိုသလို ကျွန်ုပ်တို့သည် ဝေဖန်ထောက်ပြသောစကားကြောင့် စိတ်ဆိုးခြင်းထက် ချီးမွမ်းစကားကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။ အမှန်တရားက နာကျင်စေသည်မဟုတ်ပါလား။ အမှန်တရားကြောင့် အလွန်ခံစားရသည်။ မာနထိခိုက် သည်။ မသက်မသာဖြစ်စေသည်။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲရန် စိန်ခေါ်သည်။
မိတ်ဆွေစစ်သည် ကျွန်ုပ်တို့ နာကျင်ခံစားရခြင်းကို ၎င်းတို့ မပျော်ရွှင်ပါ။ ကျွန်ုပ် တို့ကို မလှည့်စားနိုင်လောက်အောင် ကျွန်ုပ်တို့ကို အလွန်ချစ်သည်။ သူတို့သည် ချစ်သောစိတ်နှင့် အားယူကာ ကျွန်ုပ်တို့သိသော်လည်း လက်မခံနိုင်၊ လက်တွေ့ အသက်မရှင်နိုင်သေးသည့်ကိစ္စကို ထောက်ပြပေးသူများသာ ဖြစ်ကြသည်။ ကျွန်ုပ်တို့ ကြားလိုသော စကားများသာမက ကြားရန်လိုအပ်သော စကားများကိုပါ သူတို့ပြောသည်။
ထိုသို့သောမိတ်ဆွေများကို ရှောလမုန်သည် သုတ္တံကျမ်းထဲတွင် ဂုဏ်ပြုထား သည်။ သခင်ယေရှုသည် ထိုထက်ပိုခဲ့ပါသည်။ ကျွန်ုပ်တို့က စိတ်နာငြင်းပယ်ခြင်းကို သခင်သည်းခံလျက် ကိုယ့်အကြောင်း အမှန်တရားကို ပြောပြသည်သာမက ကျွန်ုပ်တို့သည် မည်မျှအချစ်ခံရကြောင်းကိုပြခဲ့သည်။ POH FANG CHIA