ဘုရားသခင်သည် သူ၏အလုပ်များ ပြီးမြောက်ရန်အတွက် ကျွန်ုပ်တို့၏ ဆုတောင်း ခြင်းကို မကြာခဏ အသုံးပြုသည်။ ဤအချက်ကို ပရောဖက်ဧလိယအား ဘုရားသခင် စကားပြောရာတွင် တွေ့ရသည်။ ဣသရေလတိုင်းပြည်တွင် သုံးနှစ်ခန့်ကြာမျှ မိုးခေါင်ရေရှားခြင်းကို အဆုံးသတ်ရန် “ငါသည်လည်း မြေပေါ်မှာ မိုးရွာစေမည်”
(ယာ ၅း၁၇) ဟု ကတိပေးပြီးပြီဖြစ်သော်လည်း “ဧလိယ သည် ကရမေလတောင်ပေါ်သို့ တက်၍၊ မြေ၌ ပြပ်ဝပ်လျက် မျက်နှာကို ဒူးကြား၌ ထားလျက်” မိုးရွာစေရန် အပြင်းအထန် ဆုတောင်းခဲ့သည် (၃ ရာ ၁၈း၄၂)။ ထိုနောက် သူဆက်လက် ဆုတောင်းခဲ့ပြီး “ခုနှစ်ကြိမ်” တိုင် မိုးရွာမည့် လက္ခဏာရှိမရှိ သူ့ကျွန်အား ပင်လယ်ကိုသွား၍ ကြည့်ရန် စေလွှတ်
ခဲ့သည် (း၄၃)။
ဘုရားသခင်သည် သူ၏အလုပ်၊ အမှုတော်တွင် ကျွန်ုပ်တို့ နှိမ့်ချလျက် ဇွဲကြီးစွာ ဆုတောင်းခြင်းဖြင့် ပူးပေါင်း ပါဝင်စေလိုကြောင်း ဧလိယ နားလည်သည်။ ကျွန်ုပ်တို့ လူသားများတွင် အကန့်အသတ်ရှိသော်လည်း အံ့ဩဖွယ်နည်းလမ်းများဖြင့် ဘုရားသခင် အလုပ်လုပ် လိုသည်။ ရှင်ယာကုပ်ဩဝါဒစာက “သူတော်ကောင်း ဆုတောင်း၍ အရှိန်ကြီးသော ပတ္ထနာသည် အလွန်တန်ခိုးပါ၏။ ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည် သောသူဖြစ်သည်” (ယာ ၅း၁၆-၁၇) ဟု ဖော်ပြထားသည်။။
ဧလိယကဲ့သို့ ကျွန်ုပ်တို့ ဘုရားသခင်အား သစ္စာရှိစွာဖြင့် အစေခံပါက
အံဩဖွယ် နိမိတ်လက္ခဏာများကို ရှေ့ဆုံးမှ မြင်တွေ့ရရန် အခွင့်ထူးခံစားရသူများ ဖြစ်ပေလိမ့်မည်။ JAMES BANKS
ဖတ်ရန်: ၃ ရာ ၁၈း၄၁-၄၅ သမ္မာကျမ်းစာတစ်နှစ်စာ: □ ဟော ၅-၈ □ ဗျာ ၂
သူတော်ကောင်း ဆုတောင်း၍ အရှိန်ကြီးသော ပတ္ထနာသည် အလွန်တန်ခိုးပါ၏။ (ယာ ၅း၁၆)
အဘဘုရား၊ ယနေ့ ကိုယ်တော့်အား
ဆုတောင်းခြင်းဖြင့် ကျွန်ုပ် မည်သို့အစေခံရမည်နည်း။
မိမိဘက်မှ ကြီးကြီးမားမား မျှော်လင့်ခြင်းက
ဘုရားသခင်အား ဂုဏ်ပြုချီးမြှောက်ရာ ရောက်သည်။
Our Daily Bread Topics:
odb