စကော့လူမျိုးသင်းအုပ်ဆရာ ဟန်နရီ ဒါဘန်ဗီးလ် က စကော့တလန် နယ်မြို့လေး တစ်မြို့တွင် နေထိုင်သော သူ၏အသင်းတော်မှ အမျိုးသမီးကြီးတစ်ယောက်အကြောင်း ပြောပြသည်။ သူသည် အီဒင်ဘာရာ မြို့ကို မြင်ဖူးရောက်ဖူးချင်သော်လည်း ခရီးစဉ်၌ ရှည်လျားမဲမှောင်သော ရထားလိုဏ်ခေါင်းကို ဖြတ်သန်းရမည့် အခိုက်အတန့်ကို ကြောက်ရွံ့လျက်ရှိသည်။
သို့သော်လည်း တစ်နေ့တွင် အီဒင်ဘာရာ မြို့သို့
မဖြစ်မနေသွားရန် အခြေအနေနှင့် ကြုံလာသဖြင့် ရထားစီးလျက် ထွက်လာခဲ့သည်။ မြို့နှင့်နီးလာလေ စိတ်လှုပ်ရှားလေ ဖြစ်သည်။ သို့သော် လိုဏ်ခေါင်းကို မဖြတ်မီလေးတွင် စိုးရိမ်မှုကြောင့် ပင်ပန်းလျက် မှေးခနဲ အိပ်ပျော်သွားသည်။ သူနိုးလာသောအခါ မြို့ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျွန်ုပ်တို့ထဲမှ အချို့တို့သည် သေခြင်းကို မကြုံတွေ့ရ
ဟူသည်မှာ ဖြစ်နိုင်ပါသည်။ သခင်ယေရှု ပြန်လာသည့် အချိန်တွင် ကျွန်ုပ်တို့ အသက်ရှင်လျက်ရှိနေပါက “သခင်ဘုရားနှင့် အာကာသကောင်းကင်၌” ဆုံတွေ့ကြရမည်ဖြစ်သည် (၁ သက် ၄း၁၃-၁၈)။ သို့သော် ကျွန်ုပ်တို့အများစုမှာ သေဆုံးပြီးမှ ကောင်းကင်ဘုံသို့ ရောက်ကြရ သည်ဖြစ်ပြီး၊ အချို့လူများအတွက် ထိုအချက်က ကြီးမားသော စိုးရိမ်ပူပန်မှုကို ဖြစ်စေ သည်။ သေရမည့်အရေးက ရင်ဆိုင်ရန် အလွန်ခက်ခဲလိမ့်မည်ဟု ကျွန်ုပ်တို့ စိုးရိမ် ကြသည်။
ကျွန်ုပ်တို့၏ ကယ်တင်ရှင် သခင်ယေရှု၏ အာမခံမှုကြောင့် ယုံကြည်စိတ်ချစွာ အသက်ရှင်နိုင်ပြီး ကမ္ဘာမြေပေါ်တွင် ကျွန်ုပ်တို့၏မျက်စိမှိတ်ပြီး သေဆုံးချိန်ကိုဖြတ်သန်း ကြရမည်။ ကျွန်ုပ်တို့မျက်လုံးများ ဖွင့်သောအခါ ဘုရားသခင်ရှေ့တော်မှောက်သို့ ရောက်ရှိနေမည်ဖြစ်သည်။ ဂျွန်ဒွန်နီက “ခဏတာ အိပ်စက်ပြီးနောက် ကျွန်ုပ်တို့ ထာဝရ နိုးထကြမည်” ဟု ပြောခဲ့သည်။ DAVID ROPER
ဖတ်ရန်: ၁ သက္ ၄း၁၃-၁၈ သမ္မာကျမ်းစာတစ်နှစ်စာ: □ အာမုတ် ၁-၃ □ ဗျာ ၆
ကိုယ်ခန္ဓာနှင့် ကွာဝေးရာ အရပ်သို့သွား၍၊ သခင်ဘုရား ထံတော်၌ နေမြဲနေခြင်းငှာ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့် ပြည့်စုံကြ၏။ (၂ ကော ၅း၈)
ကိုယ်တော်ပေးသော ဘဝအသက်တာကို ကျွန်ုပ် ချစ်မြတ်နိုးပါ၏။
ကိုယ်တော့်ကို မြင်တွေ့ရချိန် မည်သို့ရှိမည်ကို ကျွန်ုပ်မတွေးတတ်အောင်ပင်။ အနာဂတ်နှင့်စပ်လျဉ်း၍ ကိုယ်တော့်ကိုစိတ်ချရန် ကူမတော်မူပါ။
ကိုယ်တော်နှင့် တွေ့ဆုံရမည့် ထိုနေ့ထိုအချိန်ကို ကျွန်ုပ် စောင့်စားနေသည်။
သခင်ယေရှုကို ဖူးမြင်ရခြင်းသည် ကောင်ကင်နိုင်ငံ၏
အကြီးမားဆုံး ပျော်ရွှင်မှုဖြစ်မည်။
Our Daily Bread Topics:
odb