၁၉၂၉ ခုနှစ်က ညနေခင်းသတင်းစာတစ်ခု၏ အင်တာဗျူး၌ အဲလ်ဘတ်အိုင်းစတိုင်း က ‘‘ကျွန်တော်ငယ်စဉ်က သမ္မာကျမ်းစာနှင့် ယုဒကျမ်းစာ နှစ်ခုစလုံးမှ သွန်သင်မှုတွေကို ခံယူခဲ့ရတယ်။ ကျွန်တော် ဂျူးတစ်ယောက်ပါ။ ဒါပေမဲ့ နာဇရက်မြို့သားတစ်ယောက်ရဲ့ ၀တ်ရုံဖြူနဲ့တောက်ပတဲ့ရုပ်ပုံလွှာကို ကျွန်တော်စိတ်ဝင်စားတယ်။ သခင်ယေရှုရဲ့ အမှန်တည်ရှိမှုကို မခံစားဘဲ ဘယ်သူမှ ခရစ်ဝင်ကျမ်းကို နားလည်နိုင်မှာ မဟုတ်ဘူး။ စကားလုံးတိုင်းမှာ သခင်ယေရှုရဲ့ အပြုအမူတွေက လှုပ်ရှားသက်ဝင်နေတယ်။ ဘယ်ဒဏ္ဍာရီ ကမှ ဒီလို သက်ဝင်လှုပ်ရှားမှုမျိုး မရှိဘူး” ဟု ပြောခဲ့သည်။
သခင်ယေရှု၏ထူးခြားမှုကို ခံစားမိသော တစ်နယ်တည်းသားချင်းများအကြောင်းကိုလည်း ဓမ္မသစ်ကျမ်းစာက ဖော်ပြထားသည်။ မိမိ၏နောက်တော်လိုက်များအား ‘‘လူများ တို့သည် လူသားဖြစ်သောငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း” ဟု သခင်ယေရှု
မေးခဲ့သည်။ သူတို့က ‘‘လူအချို့က ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန် ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ဧလိယဖြစ်သည်ဟူ၍လည်းကောင်း၊ ယေရမိမှစ၍ ပရောဖက်တစ်ပါးပါးဖြစ်သည်ဟူ၍ လည်းကောင်း၊ ဆိုကြပါ၏” (မဿဲ ၁၆း၁၄) ဟု ပြန်ပြောကြသည်။ ကြီးမြတ်သော ဣသရေလပရောဖက်များနှင့် နှိုင်းယှဉ်ခံရခြင်းက
ဂုဏ်ယူစရာချီးမြှောက်ခံရခြင်းဖြစ်သည်။ သို့သော် ချီးမြှောက်ခံရရေးကို ကိုယ်တော် ရှာဖွေနေခြင်း မဟုတ်ပါ။ နောက်တော်လိုက်များ၏ယုံကြည်ခြင်းနှင့် ၎င်းတို့ မည်သို့ နားလည်သည်ကို သိလိုခြင်းဖြစ်သည်။ ထို့နောက် ‘‘သင်တို့လည်း ငါ့ကို အဘယ်သူ ဖြစ်သည် ဆိုကြသနည်း” (၁၆း၁၅) ဒုတိယမေးခွန်းကို  ထပ်မေးခဲ့သည်။။
ပေတရု၏အဖြေက သခင်ယေရှု၏ အမှန်ဖြစ်တည်မှုကို ထင်ရှားစေခဲ့သည်။ ‘‘ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်” (း၁၆)။
သခင်၏ကယ်တင်သောမေတ္တာတော်နှင့် သခင့်ကို ကျွန်ုပ်တို့သိကျွမ်းရန် သခင်ယေရှု အလိုရှိသည်။ ထို့ကြောင့် ‘‘သခင်ယေရှု မည်သူဖြစ်သနည်း” ဆိုသည့် မေးခွန်းကို ကျွန်ုပ်တို့ ဖြေကြရမည်ဖြစ်သည်။ BILL CROWDER