တစ်နှစ်တွင် ခရစ်စမတ်အချိန် ဘုရားကျောင်း အလှဆင်ရန် တာဝန်ယူသူများက `ခရစ်စမတ် ပစ္စည်းစာရင်း´ ဟူသော အဓိကခေါင်းစဉ်ကို ရွေးချယ်ခဲ့သည်။ ခါတိုင်းကဲ့သို့ ရွှေရောင် ငွေရောင် စသော တောက်ပသည့် အဆင်တန်ဆာများနှင့် အလှမဆင်ဘဲ လူတိုင်းအား အနီရောင်၊ အစိမ်းရောင် စာရွက်လေးများ ဝေပေးသည်။ စာရွက်၏တစ်ဘက်၌ ၎င်းတို့ ယေရှုရှင်ထံမှ ရလိုသည့် လက်ဆောင်ကို ရေးချရမည်ဖြစ်ပြီး ကျန်တစ်ဘက်တွင် သူတို့ဆင်နွှဲကြသည့် မွေးနေ့ရှင်ပုဂ္ဂိုလ်အား ပေးလိုသည့် လက်ဆောင်ကို ရေးရမည်ဖြစ်သည်။
သင်ဤသို့ ပြုလုပ်ရပါက မည်သည့် လက်ဆောင်ကို ရလိုပြီး မည်သည်ကို ပေးမည်နည်း။ ကျမ်းစာ၌ အကြံ ကောင်းများစွာ ပေးထားပါသည်။ ကျွန်ုပ်တို့၏ လိုအပ်မှု အားလုံးကို ပြင်ဆင်ပေးရန် ဘုရားသခင် ကတိပေးထား ခြင်းကြောင့် အလုပ်အကိုင်သစ်ရရန်၊ ငွေရေးကြေးရေး ပြဿနာ၌ ကူညီပေးရန်၊ မိမိနှင့်အခြားသူများအတွက် ကိုယ်ကျန်းမာခြင်းဆု၊ မိတ်ဆွေများနှင့် ပြန်လည်သင့်မြတ် ပေါင်းသင်းနိုင်ရန် စသည်တို့ကို ကျွန်ုပ်တို့ တောင်းခံကြမည်။ ထို့ပြင် ဘုရားသခင်ကို အစေခံရန် မည်သည့်ဝိညာဉ်ဆုကျေးဇူးက ကျွန်ုပ်တို့ကို ပြင်ဆင်နေသနည်းဟု တွေးမိ မည်။ ဤဆုကျေးဇူးများကို ရောမ ၁၂ နှင့် ၁ ကော ၁၂ တို့တွင် ဖော်ပြထားပါသည်။ သို့မဟုတ်ပါက ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း စသော ၀ိညာဉ်အသီးများ ပိုမို သီးပွင့်လာနိုင်ရန် တောင့်တမိကြမည် (ဂလာ ၅း၂၂-၂၃)။
ရယူအပ်သော အရေးကြီးဆုံးလက်ဆောင်မှာ ဘုရားသခင်၏ သားတော်ယေရှု တည်းဟူသော ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သည်။ သူနှင့်အတူ ခွင့်လွှတ်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ ယခုမှစ ထာဝရတည်မြဲမည့် ၀ိညာဉ်ရေးအသက်တာနှင့် ဆိုင်သော ကတိတော်ကိုပါ ရရှိနိုင်သည်။ ယေရှုသခင်ကို ပေးနိုင်သော ကျွန်ုပ်တို့၏ အရေးကြီးဆုံး လက်ဆောင်ကား ကျွန်ုပ်တို့၏ နှလုံးသားပင်ဖြစ်ပါသည်။ MARION STROUD
ဖတ်ရန်: ဆာ ၁၀၃း၁-၁၈ သမ္မာကျမ်းစာတစ်နှစ်စာ: □ နာဟံု ၁-၃ □ ဗ်ာ ၁၄
အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။ (း၂)
ကိုယ်တော်ပေးသော လက်ဆောင်ကြောင့် အကျွန်ုပ် အလွန်အံ့သြသွားပါ၏ သခင်ဘုရား။ အပြန်အလှန်အနေဖြင့် အကျွန်ုပ်ပေးနိုင်သော အကောင်းဆုံး လက်ဆောင်ကို ပြန်ပေးလိုပါ၏။အကျွန်ုပ်ထံမှ ကိုယ်တော်အလိုရှိဆုံးအရာကို ပြသတော်မူပါ။
ပညာရှိဖြစ်ခဲ့လျှင် ပေးရမည့်အရာကို ပေးမည်။
အကျွန်ုပ်အတွက်မူ ကျွန်ုပ်၏စိတ်နှလုံးကို ပေးမည်။ Christina G.Rossetti
Our Daily Bread Topics:
odb