ကျွန်တော့်ဖခင်တက်နေသည့်ဆေးရုံ၏အခန်းမှ ကျယ်လောင်သော ရယ်သံများက ဧည့်သည် ရောက်နေသည့် အမှတ်အသားပင်၊ ကုန်ကားမောင်းသူနှစ်ဦး၊ ကျေးလက်အဆိုတော်တစ်ဦး၊ လက်မှုအတတ်ပညာရှင်တစ်ဦး၊ အဖေ့ယာမြေအနီး ပတ်ဝန်းကျင်မှ အိမ်နီးချင်း အမျိုးသမီးနှစ်ဦးနှင့် ကျွန်တော်တို့ဖြစ်သည်။
“… အဲဒီကောင် ထရပ်ပြီး ကျုပ်ခေါင်းကို ပုလင်းနဲ့ ရိုက်လိုက်ရော” ဟုဆိုကာ လက်မှုအတတ်ပညာရှင် ဦးလေး ကြီး၏အရက်ဆိုင်မှ ရန်ပွဲအကြောင်း အဆုံးသတ်သွားသည်။
အခန်းထဲ၌ ၀ါးကနဲ ရယ်သံများထွက်လာသည်။ လည်ချောင်းကင်ဆာရောဂါ ခံစားနေရသည့် အဖေက ရယ် မောရင်း ခက်ခက်ခဲခဲအသက်ရှူရင်းမှ “ရန်ဒီက တရားဟော
ဆရာဖြစ်နေပြီ” ဟုဆိုကာ စကား အပြောအဆို ဆင်ခြင် ရန် အားလုံးကို အဖေက သတိပေးလိုက်သည်။ နှစ်စက္ကန့် မျှ တိတ်ဆိတ်သွားပြီးမှ အဖေ့စကားက သူတို့ကို အူလှိုက်
သဲလှိုက် ကျယ်လောင်စွာ ပိုပြီးရယ်မောအောင် လုပ်လိုက် သည့်အလား တစ်ခန်းလုံး ဆူညံသံ ထွက်ပေါ်လာ ပြန်သည်။
လာရောက်လည်ပတ်သည့်အချိန် မိနစ် ၄၀ ခန့်မျှ အကြာတွင် လက်မှုအတတ်ပညာရှင် ဦးလေးကြီးက ရုတ်တရက် လည်ချောင်းရှင်းကာ အဖေ့ထံ လှည့်ပြီး အလေးအနက်နှင့် “ကျုပ်အရက် မသောက်တော့ဘူး၊ ရန်လည်းမဖြစ်တော့ဘူး ဟားဝဒ်။ အဲဒီနေ့တွေက အတိတ်မှာ ကျန်ခဲ့ပြီ။ အခုတော့ အသက်ရှင်ရတဲ့ အကြောင်းရှိတယ်။ ငါ့ရဲ့ကယ်တင်ရှင်အကြောင်း မင်းကို ပြောပြချင်တယ်” ဟု ပြောလိုက်သည်။
အဖေက တအံ့တဩနှင့် မသိမသာငြင်းသော်လည်း သူက ဆက်ပြီး ပြောပြ သည်။ ဤထက် ပို၍ချိုမြိန်သိမ်မွေ့သော ဧ၀ံဂေလိသတင်း ပြောနည်း ရှိပါသေးသလား။ ကျွန်တော် တစ်ခါမှ မကြားဖူးသေးပါ။ ကျွန်တော့်အဖေလည်း သူ့မိတ်ဆွေကို ကြည့်ပြီး နားထောင်ခဲ့သည်။ နောက်ပိုင်းတွင် အဖေသည် သခင်ယေရှုကို ယုံကြည်လက်ခံခဲ့သည်။
ရိုးရှင်းစွာ အသက်ရှင်သော မိတ်ဆွေဟောင်းထံမှ ရိုးရှင်းသော သက်သေခံချက် ဖြစ်ပြီး၊ ရိုးရှင်းခြင်းသည် နုံအခြင်း၊ ထုံထိုင်းခြင်းမဟုတ်၊ ပွင့်လင်းမြင်သာပြီး ဟန်ဆောင်မှု ကင်းကြောင်းကို ကျွန်တော့်အား ထပ်ပြီး သတိပေးသည်။ သခင်ယေရှုလည်းရိုးရှင်းသည်။ ကယ်တင်ခြင်းလည်း ရိုးရှင်းသည်။ RANDY KILGORE
ဖတ်ရန်: ၂ ေပ ၁း၁၂-၂၁ သမ္မာကျမ်းစာတစ်နှစ်စာ: □ ဇာခရိ ၁-၄ □ ဗ်ာ ၁၈
ငါတို့ သခင်ယေရှုခရစ်၏ တန်ခိုးတော်နှင့် ... ကြွလာတော်မူခြင်းကို ... သင်တို့အား ကြားပြော သောအခါ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင် သော ဒဏ္ဍာရီစကား များကို မလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင် မြင်သောသူ ဖြစ်ကြ၏။ (း၁၆)
အဘဘုရား၊ ကိုယ်တော့်အကြောင်း ကြားနာရန် အသင့်ဖြစ်နေသည့် နှလုံးသားများကို မြင်စေလျက် မေတ္တာတော်အကြောင်း ဝေမျှရန် စကားလုံးများ ပြင်ဆင်ပေးတော်မူပါ။
သင်တို့သည် သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ မ ၂၈း၁၉
Our Daily Bread Topics:
odb