၂၀၁၅ ခုနှစ် ဇွန်လက ပဲရစ်မြို့ The Pont des Arts လူကူးတံတား၏ လက်ကိုင်တန်းများ ပေါ်မှ သော့ခလောက် ၄၅ တန်ကို ဖယ်ရှားခဲ့သည်။ စိတ်ကူးယဉ်ဆန်ဆန်နှင့် စုံတွဲများက သူတို့နာမည်အစ စာလုံးကို သော့ခလောက်ပေါ် ရေးခြစ်ပြီး တံတား၏ လက်ကိုင်တန်းတွင် ချိတ်ကာ ခတ်လိုက်ပြီး သော့ကို စိန်းမြစ်ထဲသို့ ပစ်ချလိုက်သည်။
ဤသို့ အကြိမ်ထောင်ပေါင်းများစွာ လုပ်ဆောင်မှု ကြောင့် တံတားမှာ `အချစ်´များ၏ အလေးချိန်ကို မခံနိုင် တော့ပါ။ နောက်ဆုံး၌   တံတား၏ ပြီးပြည့်စုံသည့်အရည်အသွေးထိခိုက်မှာ စိုးရိမ်ရ၍ `အချစ်သော့ခလောက်များ´ကို ဖယ်ရှားရတော့သည်။
သော့ခလောက်များက ထာဝရတည်မြဲသည့် ချစ်မေတ္တာကို ပုံဆောင်ရန်ဖြစ်သော်လည်း လူသားတို့၏ ချစ်ခြင်းက အမြဲမတည်။ အရင်းနှီးဆုံး မိတ်ဆွေများသည် အပြန်အလှန် အမှားကျူးလွန်မိပြီး ဘယ်တော့မှ မပြေလည် ဘဲ ရှိနေနိုင်သည်။ မိသားစုဝင်များလည်း အငြင်းပွားကာ ခွင့်မလွှတ်ကြတော့ပေ။ ခင်ပွန်းနှင့် ဇနီးတို့လည်း တစ်ဦးနှင့် တစ်ဦး ဝေးကွာသွားပြီး အဘယ်ကြောင့် လက်ထပ်ခဲ့ရသည့် အကြောင်းကို သတိမရတော့ပါ။ လူသား၏ ချစ်ခြင်းသည် မတည်မြဲပါ။
သို့သော် တသမတ်တည်းဖြစ်ပြီး တည်မြဲသည့် ဘုရားသခင်၏မေတ္တာရှိပါသည်။ “ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်တည်သောကြောင့် ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့” ဟု ဆာလံ ၁၀၆း၁ က ကြွေးကြော်ထားသည်။ ဘုရားသခင်၏ မရွေ့လျော့သောမေတ္တာ၊ ထာဝရတည်မြဲသည့် သဘောထားကို သမ္မာကျမ်းထဲ၌ တောက်လျှောက်တွေ့ရသည်။ ဤချစ်မေတ္တာတော်ကို  သားတော်၏ အသေခံခြင်းနှင့် ဘုရားသခင်သက်သေထူခဲ့သည်။ သို့ဖြစ်၍ သခင်ယေရှုကို ယုံကြည် လက်ခံပါက ထာဝရအသက်ရှင်သန်နိုင်ပါသည်။ ထို့ပြင် ကိုယ်တော်၏မေတ္တာတော်နှင့် ကျွန်ုပ်တို့ကို ဘယ်အရာကမှ မခွဲခွာ မကွဲကွာစေနိုင်ပါ (ရော ၈း၃၉)။
ယုံကြည်သူအပေါင်းတို့၊ ကျွန်ုပ်တို့ကို ဘုရားသခင်၏မေတ္တာတော်၌ ထာဝရ သော့ခတ်လုံခြုံစေပြီဖြစ်သည်။ CINDY HESS KASPER