ကျွန်မသည် နိုင်ငံခြားသား မိတ်ဆွေသစ်တစ်ဦးနှင့် စတင်မိတ်ဖွဲခဲ့စဉ်က သူ၏ အဆင့်မြင့် အင်္ဂလိပ်စကား ပြောသံနှင့် သူ့လက်သန်း၌ ၀တ်ဆင်ထားသော လက်စွပ်ကို သတိထားမိခဲ့သည်။ ယင်းသည် လက်ဝတ်ရတနာမျှသာ မဟုတ်ဘဲ သူ့မိသားစု၏ အမှတ်သင်္ကေတကို ထွင်းထုထားပြီး မိသားစု၏ သမိုင်းကြောင်းကို ဖော်ပြနေကြောင်း နောက်ပိုင်းမှ ကျွန်မသိခဲ့ရသည်။
သူ့လက်စွပ်သည် ဟဂ္ဂဲအနာဂတ္တိကျမ်းပါ တံဆိပ်
လက်စွပ်နှင့် ဆင်သည်။ ဤဓမ္မဟောင်းကျမ်း၌ ဗိမာန်တော်
ကို ပြန်လည်တည်ဆောက်ရန် ဘုရားသခင်၏ လူမျိုးတော် တို့ကို ပရောဖက် ဟဂ္ဂဲဆင့်ခေါ်သည်။ သူတို့သည် ပြည်နှင့်ဒဏ်ခံခဲ့ရပြီး ယခုတွင် မွေးရပ်ဌာနေသို့ ပြန်လာပြီး ပြန်လည်တည်ဆောက်ရေးများ စတင်လုပ်ဆောင်ကြ သော်လည်း ရန်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် သူတို့၏စီမံကိန်းကို ရပ်နားထားရသည်။ ဟဂ္ဂဲ၏သတင်းစကားတွင် ယုဒမြို့ဝန် ဇေရုဗဗေလအား ရွေးချယ်ပြီး တံဆိပ်လက်စွပ်အဖြစ် ခေါင်းဆောင်အရာ၌ ခန့်အပ် ကြောင်း ဘုရားသခင်၏ကတိတော် အကြောင်း ပါဝင်နေ၏။
ရှေးခေတ်က တံဆိပ်လက်စွပ်ကို လူပုဂ္ဂိုလ်တစ်ဦးဦးကို ကိုယ်စားပြုသည့်အရာ အဖြစ် သုံးကြသည်။ သူတို့၏အမည်ကို လက်မှတ်ရေးထိုးမည့်အစား လက်စွပ်ကို ဖယောင်းပူ (သို့) ရွံ့ပျော့ထဲ ဖိနှိပ်ကာ တံဆိပ်နှိပ်သည်။ ဘုရားသခင်၏ သားသမီးများ အနေနှင့် ဧ၀ံဂေလိသတင်းကို ဝေမျှခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတရားကို မျှဝေခြင်း၊ ညှဉ်းဆဲဖိနှိပ်မှုများ အဆုံးသတ်အောင် လုပ်ဆောင်ခြင်း စသည်ဖြင့် လောက၌ ကျွန်ုပ်တို့လည်း အမှတ်အသားပြုလုပ်ကြသည်။
ကျွန်ုပ်တို့တစ်ယောက်တိုင်းစီ၌ အတုမရှိသော ကိုယ်ပိုင်အမှတ်အသား ပါရှိသည်။ ထိုအမှတ်အသားက ကျွန်ုပ်တို့ကို ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ မည်သို့ ဖန်ဆင်းထားသည်၊ ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဆုကျေးဇူး၊ စိတ်ထက်သန်မှု၊ ဉာဏ်ပညာများတို့ဖြင့် မည်သို့ရောနှောပေါင်းစပ်ပေးထားသည်ကို ဖော်ပြနေသည်။ ဘုရားသခင်၏ကမ္ဘာကြီး၌ ဤတံဆိပ်လက်စွပ်အဖြစ် လှုပ်ရှားသက်ဝင်ရန်မှာ ကျွန်ုပ်တို့၏ အခွင့်ထူး၊ ကျွန်ုပ်တို့အား ရွေးချယ်ခေါ်ယူလျက် စေစားခံရပါသည်။  AMY BOUCHER PYE