၁၉၃၂ ခုနှစ်တွင် မက္ကဆီကန် ရှေးဟောင်းသုတေသနပညာရှင် Alfonso Caso သည် Oaxaca မြို့တော်ရှိ Monte Albán ရှေးဟောင်းသုတေသနနယ်မြေတွင် ဂူသင်္ချိုင်းအမှတ် ၇ (Tomb 7) ကို တွေ့ရှိခဲ့သည်။သမိုင်းမတင်မီခေတ်က စပိန်ပြည်၏လူ့အသုံးအဆောင် ၄၀၀ ကျော်နှင့် လက်ဝတ်ရတနာ ၁၀၀ ကျော်ကို တူးဖော်တွေ့ရှိခဲ့ပြီး ၎င်းတို့ကို `Monte Albán၏ရတနာ´ဟု အမည်ပေးခဲ့သည်။ ၎င်းသည် မက္ကဆီကို ရှေးဟောင်းသုတေသနပညာဆိုင်ရာအတွက် အရေးပါသော တွေ့ရှိမှုဖြစ်သည်။ ကျောက်စိမ်းစစ်စစ်ဖြင့် ပြုလုပ်ထားသော ခွက်ကို ကိုင်ထားသည့် Caso ဓာတ်ပုံမှ သူ၏စိတ်လှုပ်ရှား ပျော်ရွှင်နေမှုကို မြင်ယောင်တွေ့နိုင်သည်။
ရာစုနှစ်အစောပိုင်းက ရွှေငွေ၊ ရတနာတို့ထက် ပို၍ တန်ဖိုးရှိသော ရတနာအကြောင်းကို ဆာလံဆရာက စပ်ဆိုထားသည်။ သူက ‘‘လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော်စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏’’ ဟူ၍ ဆာ ၁၁၉း ၁၆၂ တွင် ရေးစပ်ထားသည်။ ဆာလံ ၁၁၉ တွင် စာရေးသူက ဘုရားရှင်၏ လမ်းညွှန်မှုနှင့် ကတိတော်များသည် ကျွန်ုပ်တို့၏အသက်တာအတွက် မည်မျှ တန်ဖိုးရှိ သည်ကို သိရှိခဲ့၍ ၎င်းတို့ကို အောင်မြင်သူ၏အောင်မြင်မှုနှင့်တွဲ၍ ရောက်ရှိလာသော ကြီးမြတ်သော စည်းစိမ်ဥစ္စာအဖြစ် နှိုင်းယှဉ်ဖော်ပြခဲ့ပါသည်။
ဂူသင်္ချိုင်းအမှတ် ၇ ကို ရှာဖွေတွေ့ရှိခဲ့မှုကြောင့် Caso ၏ နာမည်သည် ယနေ့တိုင် လူသိထင်ရှားကာ အမှတ်ရကြသည်။ ထိုအရာကို Oaxaca ရှိ ပြတိုက်သို့ သွားရောက်လည်ပတ်လျှင် ထိုရတနာများကို ပျော်ရွှင်ခံစားနိုင်ပါသည်။ သို့သော် ဆာလံဆရာ၏ရတနာစည်းစိမ်များက ကျွန်ုပ်တို့နှင့် လက်တစ်ကမ်းမှာပင်ရှိသည်။ နေ့စဉ် သမ္မာကျမ်းစာမှ ကတိတော် စိန်၊ မျှော်လင့်ခြင်း ပတ္တမြား၊ ပညာအမြော်အမြင်ဆိုသော မြ
စသည်တို့ကို  ရှာဖွေတွေ့ရှိနိုင်ပါသည်။ သို့သော် ၎င်းအရာများထက် သမ္မာကျမ်းစာမှ ဖော်ပြ ညွှန်ပြသည့် သခင်ယေရှုကား အကြီးမြတ်ဆုံး ဖြစ်သည်။ စင်စစ် ကိုယ်တော်သည် သမ္မာကျမ်းစာကို ရေးသားသူ ကလောင်ရှင်ပင်ဖြစ်သည်။
ကျွန်ုပ်တို့ကို ပြည့်စုံကြွယ်ဝစေနိုင်သည့် ရတနာကို မုချတွေ့မည်ဆိုသော ယုံကြည်မှုဖြင့် တစ်စိုက်မတ်မတ် ရှာဖွေကြပါစို့။ ဆာလံဆရာက ‘‘သက်သေ ခံတော်မူချက်တို့ကို အကျွန်ုပ်နှလုံးရွှင်လန်းရာဖြစ်၍ ကိုယ့်အမွေဥစ္စာဖို့ အစဉ်အမြဲခံယူ ပါ၏’’ ဟုဆိုထားပါသည်။ KEILA OCHOA