ဝေါဒစ်နီစတူဒီယို သည် ရုပ်ရှင်လောကတွင် အသံပိုင်းဆိုင်ရာ နည်းပညာကို ပထမဆုံး မိတ်ဆက်ပေးခဲ့သူဖြစ်သည်။ ၎င်းကို`သဘာဝဆန်ဆန် ပေါင်းစပ်ထားသော အသံ´(သို့)
`အသံများဖြင့်ဝန်းရံလွှမ်းခြုံထားခြင်း´ ဟု ခေါ်သည်။  ထုတ်လုပ်သူများက ရုပ်ရှင်ကြည့် ပရိတ်သတ်များအား ဂီတသံကို ဆန်းသစ်စွာ ခံစားကြားစေချင်သောကြောင့် ဖြစ်သည်။
သို့သော် ၎င်းသည် ပထမဆုံးသောအသံလွှမ်းခြုံမှု   မဟုတ်ပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ယေရုရှလင် မြို့ရိုးကို ပြန်လည်တည်ဆောက်ပြီး၍ ဆက်ကပ်ပွဲတွင် ပရောဖက်နေဟမိက ၎င်းကို အစပြုမိတ်ဆက်ပေးခဲ့သည်။ ‘‘ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ ငါခေါ်၍ ချီးမွမ်းရာ သီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား၏။ တစ်စုကား လက်ျာရစ်လှည့်၍ နောက်ချေးတံခါးသို့ မြို့ရိုးပေါ်မှာ လျှောက်သွားကြ၏’’ ဟု (နေ ၁၂း၃၁) ဖော်ပြထားသည်။ သီချင်းဆိုရသော လူနှစ်စုသည် မြို့ရိုး၏တောင်ဘက်စွန်း နောက်ချေးတံခါးမှ စ၍ချီသွားကြသည်။ တစ်စုသည် လက်ဝဲဘက်မှ၊ ကျန်တစ်စုသည် လက်ျာဘက်မှ ဗိမာန်တော်သို့ ချီသွားရင်း ယေရုရှလင်မြို့ကြီးကို ချီးမွမ်းသံများနှင့် လွှမ်းခြုံစေသည် (း၃၁၊ ၃၇-၄၀)။
‘‘အလွန်ဝမ်းမြောက်သောအခွင့်ကို ဘုရားသခင်ပေးတော်မူသောကြောင့်’’  (း၄၃)
သီချင်းသည်တို့သည် လူအပေါင်းတို့ကို ပျော်ရွှင်စွာ ဦးဆောင်ခဲ့ကြသည်။ ‘‘သူတို့၏ ၀မ်းမြောက်သံကို ဝေးသောအရပ်၌ ကြားရကြ၏’’ (း၄၃)။
ဘုရားသခင်၏ မစမှုဖြင့် သမ္ဘာလတ်၏ဆန့်ကျင်တားဆီးမှုကို အောင်မြင်ခဲ့ရုံမျှမက မြို့ရိုးကြီးကိုပါ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် သူတို့ချီးမွမ်းကြသည်။ ကျွန်ုပ်တို့၏ ၀မ်းမြောက်ခြင်းကို ချီးမွမ်းခြင်းအဖြစ် စီးဆင်းစေသော ဘုရားသခင် ပေးထားသောအရာ များမှာ အဘယ်နည်း။ အသက်တာအတွက် ဘုရားသခင်၏ ရှင်းလင်းပြတ်သားသော လမ်းပြမှုလား၊ ပြဿနာများကြားတွင် ဘုရားသခင်ပြင်ဆင်ပေးခဲ့သော သက်သာခြင်း လား။ အကြီးမြတ်ဆုံးသော ကယ်တင်ခြင်းလက်ဆောင်လား။
ကျွန်ုပ်တို့၏ချီးမွမ်းခြင်းအသံက လွှမ်းမိုးနိုင်စွမ်းမရှိသည့်တိုင် ဘုရားသခင် ကျွန်ုပ်တို့ကို ပေးအပ်ခဲ့သော ကြီးမားသော ၀မ်းမြောက်ခြင်း၌ ကျွန်ုပ်တို့ ရွှင်လန်းနိုင်ပါသည်။ ထိုအခါ ဘုရားသခင်အားချီးမွမ်းသံကို အခြားသူများကြားပြီး ကျွနု်ပ်တို့အသက်တာ၌ ကိုယ်တော် လုပ်ဆောင်နေသောအရာများကို မြင်လာလိမ့်မည်။ DAVE BRANON