အဆိုတော် Merle Haggard ၏ ခေတ်ဟောင်းတေး တစ်ပုဒ်ဖြစ်သော ‘‘If we make it Through December’’ ထဲတွင် သမီးလေးအတွက် ခရစ်စမတ်လက်ဆောင်ဝယ်ပေးရန် ငွေမရှိ၊ စက်ရုံမှ အလုပ်ပြုတ်လာသော လူတစ်ယောက် အကြောင်း သီဆိုထားပါသည်။ ခရစ်စမတ်ချိန်ခါသမယသည် နှစ်တစ်နှစ်၏ပျော်ရွှင်ဖွယ်အချိန်ဖြစ်သော်လည်း သူ့ဘ၀ မှာမူ အမှောင်ကျပြီး ရက်စက်လေခြင်း။
စိတ်ဓာတ်ကျအားငယ်ခြင်းသည် ဒီဇင်ဘာလနှင့် လိုက်လျောညီထွေမှုမရှိသော်လည်း ကြီးကျယ်လာနိုင်သည်။ ကျွန်ုပ်တို့၏ မျှော်မှန်းချက်က မြင့်နေနိုင်ပြီး ၀မ်းနည်း ပူဆွေးမှု
သောကများလည်း နက်နဲနိုင်သည်။ ထို့ကြောင့် အနည်းငယ် သော အားပေးမှုသည် အလွန် အဓိပ္ပာယ်ရှိ သည်။
ကုပရုပြည်မှ လေ၀ိအမျိုးသား ယောသေသည် သခင်ယေရှု၏ ကနဦးတပည့်တော် နောက်လိုက်များထဲမှ တစ်ယောက် အပါအ၀င်ဖြစ်သည်။ တမန်တော်များက သူ့ကို
သက်သာခြင်း၏သားဟု အဓိပ္ပာယ်ရသော ဗာနဗ အမည်သစ်
ပေးခဲ့သည်။ တ ၄း၃၆-၃၇ တွင် သူ့အကြောင်းကို တွေ့ရသည်။ သူ၌ရှိသော ဥစ္စာပစ္စည်းများကို ရောင်းချ၍ အခြားသော လိုအပ်
နေသူ ယုံကြည်သူများကို ကူညီရန်အတွက် လှူဒါန်းခဲ့သည်။
နောက်ပိုင်းတွင် တမန်တော်တို့သည် ရှောလုကို ကြောက်ရွံ့နေကြောင်း တွေ့ရသည်(တ ၉း၂၆)။ ပေါလုဟု နောက်ပိုင်းတွင် အမည်တွင်သော ရှောလုသည် ယခင်က ယုံကြည်သူများကို သတ်ရန် ကြိုးစားခဲ့သူ ဖြစ်သည်။ သို့သော် ‘‘… ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်များထံသို့ ပို့ဆောင်’လျက် (း၂၇) သူသည် ခရစ်တော်အားဖြင့် ပြောင်းလဲပြီဟု ကာကွယ်ပေးခဲ့သည်။
ကျွန်ုပ်တို့ ဘေးပတ်လည်တွင်ရှိသောလူများသည် သက်သာမှုကို တောင့်တနေ သူများ ဖြစ်သည်။ အချိန်ကိုက်ပြောသော စကားများ၊ ဖုန်းခေါ်ဆိုမှု (သို့) သူတို့နှင့်အတူ ဆုတောင်းခြင်းများက ယေရှု၌ရှိသော ၎င်းတို့၏ယုံကြည်ခြင်းကို မြှင့်တင်ပေးနိုင်ပါသည်။
ဗာနဗ၏ ရက်ရောမှုနှင့် ထောက်ပံ့ပေးမှုသည် ‘သက်သာခြင်း၏သား (သို့) သမီး’ အဓိပ္ပာယ်ကို သရုပ်ပြနေပါသည်။ ဤခရစ်စမတ်တွင် ထိုလက်ဆောင်သည် အခြားသူများအား ကျွန်ုပ်တို့ပေးနိုင်သောအမြတ်ဆုံးသော လက်ဆောင်ပေတည်း။ DAVID MCCASLAND
ဖတ်ရန်: တမန္ ၄း၃၂-၃၇၊ ၉း၂၆-၂၇ သမ္မာကျမ်းစာတစ်နှစ်စာ: □ ဒံ ၁၁-၁၂ □ ယုဒ
ယောသေအမည်ရှိ၍ သက်သာခြင်း၏သားဟု ဆိုလိုသော … ဗာနဗ အမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်း အားဖြင့်ရသော ကုပရု ပြည်သား လေ၀ိလူ တစ်ယောက်သည် မိမိ ပိုင်သောမြေကို ရောင်းပြီး လျှင် ငွေကို ယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။ (၄း၃၆-၃၇)
နှစ်သိမ့်သက်သာခြင်း လက်ဆောင်အတွက် ကျေးဇူးတင်ပါ၏။ အဘ၊ သူတို့ ကျွန်ုပ်တို့ကို ကူညီအားပေးခဲ့သည့် အလျောက် သူတစ်ပါးကို ကူညီသက်သာနိုင်စေမူပါ။
နှစ်သိမ့်သက်သာစေခြင်း၊ တိုက်တွန်းခွန်အားပေးခြင်းသည် ဤခရစ်စမတ်တွင် ကျွန်ုပ်တို့ပေးနိုင်သော အကြီးမြတ်ဆုံး လက်ဆောင်ဖြစ်နိုင်သည်။
Our Daily Bread Topics:
odb