အင်တာနက်၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် မိုဘိုင်းဖုန်းများမှ ကမ္ဘာသတင်းများက ကျွန်ုပ်တို့အား တရစပ် ပူပင်စေသည်။ သတင်းအများစုက ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ စစ်ပွဲနှင့် စီးပွားရေး ပြဿနာစသည့် အမှားအယွင်းများကို အသားပေးဖော်ပြကြသည်။ သို့သော် ဝမ်းနည်းစရာနှင့်စိတ်ပျက်စရာ အမှောင်သတင်းများကို ထိုးဖောက်သည့် ကောင်းသတင်း များကို တစ်ခါတစ်ရံ တွေ့ရသည်။
ကျမ်းစာတွင် ဓမ္မဟောင်းကျမ်းမှ လူနှစ်ဦး၏ စကားက
ပဋိပက္ခများကြောင့် ပင်ပန်းနွမ်းနယ်နေသည့် လူများအတွက် ကြီးမားသည့် မျှော်လင့်ခြင်းကို သယ်ဆောင်လာသည်။
ရက်စက်၍ တန်ခိုးအင်အားကြီးသော တိုင်းပြည်အပေါ်သို့
ဘုရားသခင်၏စီရင်ခြင်း ကျရောက်မည့်အကြောင်းဖော်ပြ လျက် “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သတင်းစကားကို
ကြားပြောသောသူ၏ခြေတို့ကို တောင်ပေါ်မှာကြည့်ကြ လော့” (နာဟုံ ၁း၁၅) ဟု နာဟုံက ပြောထားသည်။ ထိုသတင်းက ရက်စက်စွာ ဖိနှိပ်ချုပ်ချယ်ခံရသူများအတွက် မျှော်လင့်ခြင်းပေးသည်။ ဆင်တူယိုးမှား စကားကို ဟေရှာယအနာဂတ္တိကျမ်းတွင် တွေ့ရသည်။ “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ သင်၏ဘုရားသခင် စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာအလွန်တင့်တယ်လှစွတကား”
(ဟေရှာ ၅၂း၇)။
မျှော်လင့်ခြင်းပေးသော နာဟုံနှင့် ဟေရှာယတို့၏ ပရောဖက်ပြုချက် စကားများ က
ပထမဆုံးခရစ်စမတ်တွင် ကောင်းကင်တမန်က “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်း
တို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။
ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့ အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ” (လုကာ ၂း၁၀-၁၁) ဟု ပြောကြား သောအခါ ပြည့်စုံလေသည်။
“ကယ်တင်ရှင် ခရစ်တော် ဖွားမြင်တော်မူပြီ”ဟူသည့် သတင်းသည် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀တွင် အရေးကြီးဆုံး သတင်းခေါင်းစဉ် ဖြစ်သည်။ DAVID MCCASLAND
ဖတ်ရန်: နာဟံု ၁း၇-၁၅ သမ္မာကျမ်းစာတစ်နှစ်စာ: □ ဟော ၁၂-၁၄ □ ဗျာ ၎
ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သတင်းစကားကို ကြားပြောသောသူ၏ ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။ (း၁၅)
သခင်ဘုရား၊ သခင်ယေရှုဖွားမြင်ခြင်း သတင်းကောင်းနှင့် ယနေ့ ကျွန်ုပ်တို့၏အသက်တာ၌ သက်ရောက်သော တန်ခိုးနှင့်ပြည့်စုံသည့် သခင်၏တည်ရှိခြင်းအတွက်
ကျေးဇူးတော် ချီးမွမ်းပါ၏။ `ကိုယ်တော်ကာလအစဉ်အဆက် ကျွန်ုပ်တို့ ခိုလှုံရာ၊
လေပြင်းကျသော်ကွယ်ကာမူလျက် နေတော်မူ၏ဘုရား။´ Isaac Watts
သခင်ယေရှု ဖွားမြင်ခြင်းသည် လောကသားများလက်ခံရရှိခဲ့သည့် အကောင်းဆုံးသတင်းဖြစ်သည်။
Our Daily Bread Topics:
odb